လိြဳင္ေကာ္စက္မႈဇုန္ဖြံ႕ၿဖိဳးေရး ေဒသခံမ်ား ပူးေပါင္းကူညီၾကရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ တုိက္တြန္း

လိြဳင္ေကာ္စက္မႈဇုန္ဖြံ႕ၿဖိဳးေရး ေဒသခံမ်ား ပူးေပါင္းကူညီၾကရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ တုိက္တြန္း
မေ 24, 2018
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ ယခင္အစိုးရလက္ထက္က အေကာင္အထည္ေဖၚရန္ လ်ာထားခဲ့သည့္ စက္မႈဇုန္ကို ၂၀၁၈ ခုႏွစ္ ေမလ (၂၄)ရက္ေန႔က ဖြင့္လွစ္ႏုိင္ၿပီျဖစ္ရာ ျပည္သူမ်ားအေနျဖင့္ အစိုးရ၊ ဌာန ဆုိင္ရာမ်ားႏွင့္ အတူ ပူးေပါင္း အေကာင္အထည္ေဖၚၾကရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က တုိက္တြန္းလုိက္သည္။

“ဒီေနရာမွာ ျပည္သူေတြကို ကၽြန္ေတာ္ ေျပာျပခ်င္တာတစ္ခုကေတာ့ တစ္မ်ိဳးလိုခ်င္ရင္ တစ္မ်ိဳးကို စြန္႔လႊတ္ရမွာ ျဖစ္ပါတယ္။ အေကာင္းန႔ဲအဆိုး ဒြန္တြဲေနတတ္ပါတယ္။ အေကာင္းအဆိုး ဒြန္တြဲေနတဲ့ ေနရာမွာ အားနည္းခ်က္ေတြကိုေတာ့ ေလ်ာ့နည္းသထက္ေလ်ာ့နည္းေအာင္နဲ႔ ေကာင္းမြန္တဲ့ အရာေတြကိုေတာ့ ကၽြန္ေတာ္တို႔က တိုးသထက္တိုးေအာင္ ျပဳလုပ္ၾကရမွာျဖစ္ပါတယ္။ ဒီလိုျပဳလုပ္တဲ့ ေနရာမွာ ကၽြန္ေတာ္တုိ႔ေတြဟာ တူညီတဲ့အျမင္ေတြရိွဖို႔လိုတယ္။ အျပဳသေဘာေတြဆန္ၾကဖို႔ လိုတယ္။ စက္မႈဇုန္ေပၚလာရင္ အေသးစားစက္မႈလက္မႈလုပ္ငန္းေတြ ေပၚလာမယ္။ အလုပ္အကိုင္အခြင့္အလမ္းေတြ ေပၚလာမယ္။ ဒီလိုအေျခအေနေတြကို ကၽြန္ေတာ္တုိ႔ေတြက ဆြဲေခၚရမွာျဖစ္ပါတယ္။ ဒီလို လုပ္ေဆာင္ဖို႔ဆိုတာ ကၽြန္ေတာ္တုိ႔ခ်ည္းပဲ လုပ္လို႔မရပါဘူး။ ဒီေဒသက ေဒသခံျပည္သူမ်ား ပူးေပါင္းလက္တြဲပါဝင္ဖၚေဆာင္ၾကဖို႔ တုိက္တြန္းလိုပါတယ္”ဟု ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈက လိြဳင္ေကာ္စက္မႈဇုန္ဖြင့္ပြဲတြင္ ေဒသခံမ်ားအား တုိက္တြန္းေျပာၾကားသြားသည္။

ၿပီးခဲ့သည့္အစိုးရလက္ထက္က ႏြားလဝိုးေက်းရြာအုပ္စုတြင္ လိြဳင္ေကာ္စက္မႈဇုန္ေျမေနရာသတ္မွတ္ၿပီး အေကာင္အထည္ေဖၚရန္ စတင္ခဲ့ေသာ္လည္း အေကာင္အထည္ေဖၚႏုိင္ခဲ့ျခင္းမရိွဘဲ ယခုအစိုးရ လက္ထက္တြင္ အဆိုပါ လ်ာထားေနရာ၌ စက္မႈဇုန္အျဖစ္ ဖြင့္လွစ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီရပ္ကြက္ကို စက္မႈဇုန္အျဖစ္ ေနရာသတ္မွတ္လုပ္ေဆာင္မွသာ ရင္းႏွီးျမဳပ္ႏွံမယ့္ လုပ္ငန္းသစ္မ်ား ဝင္ေရာက္လာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္နယ္အစိုးရအေနနဲ႔ ျပည္ေထာင္စုအစိုးရကို တင္ျပ ေဆာင္ရြက္ရာမွာ ဒီေန႔မွာ စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ လုပ္ထံုးလုပ္နည္းနဲ႔အညီ ေဖၚေဆာင္ႏုိင္တဲ့ စက္မႈဇုန္အျဖစ္ ဖြင့္လွစ္ႏုိင္တာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ကယားျပည္နယ္တြင္းကို ရင္းႏွီးျမဳပ္ႏွံမႈေတြ ဖိတ္ေခၚေနပါတယ္။ ကၽြန္ေတာ္တုိ႔ ျပည္နယ္အစိုးရရယ္၊ ဌာနဆုိင္ရာေတြရယ္ အားလံုးက ျပည္တြင္း၊ ျပည္ပရင္းႏွီးျမဳပ္ႏွံလိုတဲ့ လုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆံုပါတယ္။  ေျမေနရာအေနအထားမရဘဲနဲ႔ မရိွဘဲနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ ဝင္မလာႏုိင္ပါဘူး။ အဲဒီေတာ့ သတ္မွတ္ထားတဲ့ စက္မႈရပ္ကြက္ကို အရင္(၅)ႏွစ္တာကာလမွာလည္း ဒီစက္မႈဇုန္ကို သက္ဝင္ေအာင္လုပ္ခဲ့တယ္။ ဒါေပမဲ့ ထိေရာက္မႈမရိွခဲ့ဘူး။ စက္မႈဇုန္ကိုလည္း သတ္မွတ္လ်ာထားခဲ့ပါတယ္။ အဲဒီ သတ္မွတ္လ်ာထားတဲ့အတုိင္း ကၽြန္ေတာ္တို႔က သက္ဝင္ေအာင္ ဆက္လက္လုပ္ေဆာင္တာျဖစ္ပါတယ္”ဟု ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈက ေျပာသည္။

ျပည္သူမ်ားအေနျဖင့္ ေျမယာအေရး အပါအဝင္ မိမိတို႔ေဒသတြင္ အေကာင္အထည္ေဖၚသည့္ လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ စည္းမ်ဥ္းစည္းကမ္း၊ လုပ္ထံုးလုပ္နည္းမ်ားကို သိရိွနားလည္ရန္ ႀကိဳးစားၾကရန္ႏွင့္ မရွင္းလင္းသည္မ်ားရိွပါက မိမိတုိ႔ တင္ေျမႇာက္ထားသည့္ အစိုးရႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႔ဆံုေမးျမန္းမႈမ်ား လုပ္ေဆာင္ျခင္းျဖင့္ ေဒသတြင္း တုိးတက္ေရးအတြက္ ပူးေပါင္း ေဆာင္ရြက္ၾကရန္ကိုလည္း အဆိုပါဖြင့္ပြဲတြင္ ဝန္ႀကီးခ်ဳပ္က ျပည္သူမ်ားအား တုိက္တြန္းသြားသည္ကို ေတြ႔ရသည္။

သတင္း / ဓါတ္ပံု - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ရန် လျာထားခဲ့သည့် စက်မှုဇုန်ကို ၂၀၁၈ ခုနှစ် မေလ (၂၄)ရက်နေ့က ဖွင့်လှစ်နိုင်ပြီဖြစ်ရာ ပြည်သူများအနဖြေင့် အစိုးရ၊ ဌာန ဆိုင်ရာများနှင့် အတူ ပူးပေါင်း အကောင်အထည်ဖော်ကြရန် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်သည်။

“ဒီနေရာမှာ ပြည်သူတွေကို ကျွန်တော် ပြောပြချင်တာတစ်ခုကတော့ တစ်မျိုးလိုချင်ရင် တစ်မျိုးကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်ပါတယ်။ အကောင်းအဆိုး ဒွန်တွဲနေတဲ့ နေရာမှာ အားနည်းချက်တွေကိုတော့ လျော့နည်းသထက်လျော့နည်းအောင်နဲ့ ကောင်းမွန်တဲ့ အရာတွေကိုတော့ ကျွန်တော်တို့က တိုးသထက်တိုးအောင် ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်တဲ့ နေရာမှာ ကျွန်တော်တို့တွေဟာ တူညီတဲ့အမြင်တွေရှိဖို့လိုတယ်။ အပြုသဘောတွေဆန်ကြဖို့ လိုတယ်။ စက်မှုဇုန်ပေါ်လာရင် အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ ပေါ်လာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာမယ်။ ဒီလိုအခြေအနေတွေကို ကျွန်တော်တို့တွေက ဆွဲခေါ်ရမှာဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ဖို့ဆိုတာ ကျွန်တော်တို့ချည်းပဲ လုပ်လို့မရပါဘူး။ ဒီဒေသက ဒေသခံပြည်သူများ ပူးပေါင်းလက်တွဲပါဝင်ဖာ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက လွိုင်ကော်စက်မှုဇုန်ဖွင့်ပွဲတွင် ဒေသခံများအား တိုက်တွန်းပြောကြားသွားသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်က နွားလဝိုးကျေးရွာအုပ်စုတွင် လွိုင်ကော်စက်မှုဇုန်မြေနေရာသတ်မှတ်ပြီး အကောင်အထည်ဖော်ရန် စတင်ခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ ယခုအစိုးရ လက်ထက်တွင် အဆိုပါ လျာထားနေရာ၌ စက်မှုဇုန်အဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီရပ်ကွက်ကို စက်မှုဇုန်အဖြစ် နေရာသတ်မှတ်လုပ်ဆောင်မှသာ ရင်းနှီးမြုပ်နှံမယ့် လုပ်ငန်းသစ်များ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရကို တင်ပြ ဆောင်ရွက်ရာမှာ ဒီနေ့မှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖော်ဆောင်နိုင်တဲ့ စက်မှုဇုန်အဖြစ် ဖွင့်လှစ်နိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ကယားပြည်နယ်တွင်းကို ရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ်နေပါတယ်။ ကျွန်တော်တို့ ပြည်နယ်အစိုးရရယ်၊ ဌာနဆိုင်ရာတွေရယ် အားလုံးက ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံလိုတဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပါတယ်။ မြေနေရာအနေအထားမရဘဲနဲ့ မရှိဘဲနဲ့ ရင်းနှီးမြုပ်နှံမှု ဝင်မလာနိုင်ပါဘူး။ အဲဒီတော့ သတ်မှတ်ထားတဲ့ စက်မှုရပ်ကွက်ကို အရင်(၅)နှစ်တာကာလမှာလည်း ဒီစက်မှုဇုန်ကို သက်ဝင်အောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ ထိရောက်မှုမရှိခဲ့ဘူး။ စက်မှုဇုန်ကိုလည်း သတ်မှတ်လျာထားခဲ့ပါတယ်။ အဲဒီ သတ်မှတ်လျာထားတဲ့အတိုင်း ကျွန်တော်တို့က သက်ဝင်အောင် ဆက်လက်လုပ်ဆောင်တာဖြစ်ပါတယ်”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

ပြည်သူများအနဖြေင့် မြေယာအရေး အပါအဝင် မိမိတို့ဒေသတွင် အကောင်အထည်ဖော်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရန် ကြိုးစားကြရန်နှင့် မရှင်းလင်းသည်များရှိပါက မိမိတို့ တင်မြှောက်ထားသည့် အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းမှုများ လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်း တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန်ကိုလည်း အဆိုပါဖွင့်ပွဲတွင် ဝန်ကြီးချုပ်က ပြည်သူများအား တိုက်တွန်းသွားသည်ကို တွေ့ရသည်။

သတင်း / ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~