လားရှိုးရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ခိုက်ပြီးနောက် TNLA သိမ်းပိုက်

လားရှိုးရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ခိုက်ပြီးနောက် TNLA သိမ်းပိုက်
နိုဝင်ဘာ 24, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မိုင်းကျက်တပ်စခန်းကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် 

တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (TNLA)က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLAထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၇)ရက်နေ့ကစတင်ပြီး အဆိုပါတပ်စခန်းကို TNLAက တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကာ နို၀င်ဘာလ (၂၃)ရက်နေ့ ည(၁၂)နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မိုင်းကျက်တပ်စခန်းအား TNLAက တိုက်ခိုက်သိမ်းပိုက်နေစဉ် စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားရာသို့  Y12ဖြင့် ဗုံးကြဲချခြင်းနှင့်  တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ကူပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

#TachileikNewsAgency