ဒီမော့ဆိုတွင် အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် တိုက်ခိုက်နေ

ဒီမော့ဆိုတွင် အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် တိုက်ခိုက်နေ
ဒီဇင်ဘာ 31, 2021 | နိုင်ငံရေး| ကယား
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုတွင် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ ညနေပိုင်းက တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ် (၃)စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

တိမ်ထဲကနေ အတွဲလိုက်ကို ပစ်နေတာ။ တိုက်လေယာဉ် ၃ စီး။ လက်နက်ကြီးကလည်း ပစ်နေတုန်းပဲ

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ညနေ ၄ နာရီဝန်းကျင်တွင် အတည်ပြုသည်။



အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေရာမှ ညနေပိုင်း တိုက်ပွဲပြင်းထန်လာချိန်တွင် လေယာဉ် (၃) စီးဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။



ဒီမော့ဆိုမြို့တွင်း ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား နေ့လယ်ပိုင်းကတည်းက တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။