ရှမ်းပြည်နယ်တွင်းမှ 4TV နှင့် 5 Plus ရုပ်သံလိုင်းရယူကြည့်ရှုသူများနစ်နာမှုကို ဖြေရှင်းပေးရန် သတိပေးထား
ရှမ်းပြည်နယ်တွင်းမှ 4TV နှင့် 5 Plus ရုပ်သံလိုင်းရယူကြည့်ရှုသူများနစ်နာမှုကို ဖြေရှင်းပေးရန် သတိပေးထား
မေ 22, 2018
By Tachileik News Agency
Forever Group Co.,Ltd အနေဖြင့် ညှိနှိုင်းသဘောတူထားသည့်အတိုင်း ရှမ်းပြည်နယ်အတွင်းမှ 4TV နှင့် 5 Plus ရုပ်သံလိုင်း ရယူကြည့်ရှုသူ အရေအတွက်၊ သက်တမ်းတိုးထားသည့် အရေအတွက်နှင့် ၎င်းတို့အတွက် ဖြေရှင်းဆောင်ရွက်ပေးမည့် အခြေအနေများ ထုတ်ပြန်ပေးခြင်း မရှိပါက ဥပဒေအရ အရေးယူရန် ၂၀၁၈ ခုနှစ် မေလကုန်တွင်ကျင်းပမည့် အစည်းအဝေး၌ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း သိရသည်။
4TV Channel ကုမ္ပဏီအနေဖြင့် Package ပြောင်းလဲ တပ်ဆင်ရာတွင် အသုံးပြုသူများအား ကြိုတင် အကြောင်းကြားမှု မရှိခြင်း၊ စားသုံးသူပြည်သူများက ရွေးချယ်ဝယ်ယူထားသော Package သက်တမ်းတိုးရာ၌ ငွေကြေးဆုံးရှုံးမှုရှိခြင်း၊ ယခုပြသသော လိုင်းများကို နှစ်သက်မှုမရှိခြင်း စသည့် စားသုံးသူ အခွင့်အရေး ချိုးဖေါက်ခံရမှုများကြောင့် ရှမ်းပြည်နယ်တွင်းမှ 4TV နှင့် 5 Plus အသုံးပြုသူ အားလုံးအတွက် မည်သည့် အခြေအနေတွင် မည်သို့ဖြေရှင်းဆောင်ရွက်ပေးမည်ဆိုသည့် အသေးစိတ် ရှင်းလင်းချက်ကို ထုတ်ပြန်ပေးရန် ရှမ်းပြည်နယ်စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် တာဝန်ရှိသူများဖြစ်သည့် Forever Group Co.,Ltd နှင့် Canal + Myanmar FG တို့ကို စားသုံးသူရေးရာဦးစီးဌာနက ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၈)ရက်နေ့တွင် တွေ့ဆုံ ညှိနှိုင်း သဘောတူညီချက်အရ Forever Group Co.,Ltd မှ ဖြေရှင်းဆောင်ရွက်ပေးမှုအား စောင့်ကြည့် စိစစ်ခဲ့သော်လည်း လုံလောက်သည့် ဖြေရှင်းမှုမရှိခဲ့သဖြင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ (၂၀၁၄)အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ခရိုင်အလိုက် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များမှ တစ်ဆင့်ဖြေရှင်းပေးရန် သုံးစွဲသူပြည်သူများအနေဖြင့် ဆက်သွယ် တိုင်ကြားကြရန် စားသုံးသူရေးရာဦးစီးဌာနက ဧပြီလ  (၁၈)ရက်နေ့တွင် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
သတင်း - အင်မိုင်ခ
~~~~~~~~⊰❂ unicode ~~~~~~~~
Forever Group Co.,Ltd အနဖြေင့် ညှိနှိုင်းသဘောတူထားသည့်အတိုင်း ရှမ်းပြည်နယ်အတွင်းမှ 4TV နှင့် 5 Plus ရုပ်သံလိုင်း ရယူကြည့်ရှုသူ အရေအတွက်၊ သက်တမ်းတိုးထားသည့် အရေအတွက်နှင့်၎င်းတို့အတွက် ဖြေရှင်းဆောင်ရွက်ပေးမည့် အခြေအနေများ ထုတ်ပြန်ပေးခြင်း မရှိပါက ဥပဒေအရ အရေးယူရန် ၂၀၁၈ ခုနှစ် မေလကုန်တွင်ကျင်းပမည့် အစည်းအဝေး၌ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း သိရသည်။
“ဒီအခြေအနေမှာ တိုင်တိုင်၊ မတိုင်တိုင် စားသုံးသူအခွင့်အရေးကို ချိုးဖောက်တာ သေချာနပြေီလေ။ အဲဒီတော့ မတိုင်တဲ့သူအတွက်ကိုလည်း ကျွန်တော်တို့က တာဝန်ယူပေးရပါမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက တိုင်ဖို့ဆို ဝန်လေးကြတယ်လေ။ ဒါကြောင့် ကျွန်တော်တို့က ရှမ်းပြည်နယ်ရုံး ဖြစ်တဲ့အတွက် စားသုံးသူအခွင့်အရေးအတွက် ရှမ်းပြည်အတွင်း အခြေအနေကို ပွင့်လင်းစွာ ထုတ်ပြန်ပေးဖို့ မှာထားပါတယ်။ ပြည်နယ်တိုင်ကြားစာ လက်ခံဆောင်ရွက်ရေးအစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။
ဒီဆုံးဖြတ်ချက်တွေကို မလိုက်နာရင် ဥပဒေအရ တရားဝင် အရေးယူမှာ ဖြစ်ပါတယ်။ သူတို့ မေလ (၁၅)ရက်နေ့မှာ ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ သတိပေးစာထပ်ထုတ်ပြီး သူတို့မထုတ်ပြန်ရင်တော့ (မေလ)လကုန်မှာ ကျင်းပမယ့် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်စားသုံးသူ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
4TV Channel ကုမ္ပဏီအနဖြေင့် Package ပြောင်းလဲ တပ်ဆင်ရာတွင် အသုံးပြုသူများအား ကြိုတင် အကြောင်းကြားမှု မရှိခြင်း၊ စားသုံးသူပြည်သူများက ရွေးချယ်ဝယ်ယူထားသော Package သက်တမ်းတိုးရာ၌ ငွေကြေးဆုံးရှုံးမှုရှိခြင်း၊ ယခုပြသသော လိုင်းများကို နှစ်သက်မှုမရှိခြင်း စသည့် စားသုံးသူ အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် ရှမ်းပြည်နယ်တွင်းမှ 4TV နှင့် 5 Plus အသုံးပြုသူ အားလုံးအတွက် မည်သည့် အခြေအနေတွင် မည်သို့ဖြေရှင်းဆောင်ရွက်ပေးမည်ဆိုသည့် အသေးစိတ် ရှင်းလင်းချက်ကို ထုတ်ပြန်ပေးရန် ရှမ်းပြည်နယ်စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း ရုပ်သံလိုင်းဖြစ်သည့် Forever Group၏ 4TV နှင့် 5 Network ရုပ်သံလိုင်းမှအစီအစဉ်များကို ရပ်ဆိုင်းကာ Forever Group နှင့် ပြင်သစ်နိုင်ငံမှ အခပေးရုပ်သံလိုင်း Canal + တို့ အကျိုးတူပူးပေါင်း၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့မှစ၍ ပြောင်းလဲထုတ်လွှင့်ရာတွင် စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှုများကို ထိရောက်စွာဖြေရှင်းပေးနိုင်မှုမရှိခြင်းများကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများ ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် တာဝန်ရှိသူများဖြစ်သည့် Forever Group Co.,Ltd နှင့် Canal + Myanmar FG တို့ကို စားသုံးသူရေးရာဦးစီးဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် တွေ့ဆုံ ညှိနှိုင်း သဘောတူညီချက်အရ Forever Group Co.,Ltd မှ ဖြေရှင်းဆောင်ရွက်ပေးမှုအား စောင့်ကြည့် စိစစ်ခဲ့သော်လည်း လုံလောက်သည့် ဖြေရှင်းမှုမရှိခဲ့သဖြင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ (၂၀၁၄)အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ခရိုင်အလိုက် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များမှ တစ်ဆင့်ဖြေရှင်းပေးရန် သုံးစွဲသူပြည်သူများအနဖြေင့် ဆက်သွယ် တိုင်ကြားကြရန် စားသုံးသူရေးရာဦးစီးဌာနက ဧပြီလ (၁၈)ရက်နေ့တွင် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
သတင်း - အင်မိုင်ခ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~