ရွှေညောင် - ရပ်စောက် - အင်တော - ကျောက်ဂူ - နောင်ချိုလမ်းရှိ ဒုဌဝတီတံတား အဆင်းအား လမ်းခင်းပြီးဖြစ်၍ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီ

မတ် 7, 2020
By Tachileik News Agency
ရွှေညောင် - ရပ်စောက် - အင်တော - ကျောက်ဂူ - နောင်ချိုလမ်းရှိ ဒုဌဝတီတံတား အဆင်းအား လမ်းခင်းပြီးဖြစ်၍ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ အင်တောမြို့အတွင်း ရွှေညောင် - ရပ်စောက်- အင်တော -ကျောက်ဂူ - နောင်ချိုလမ်း ဒုဌဝတီတံတားအဆင်းလမ်းကို လမ်းခင်းနေ၍ တစ်လဝန်းကျင် ပိတ်ထားသည့် လမ်းပိုင်းပေါ် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားပြီဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၇)ရက်နေ့တွင် တောင်ကြီးခရိုင်လမ်းဦးစီးဌာနက အသိပေးကြေညာထားသည်။

အင်တောမြို့အတွင်း ရွှေညောင် - ရပ်စောက်- အင်တော -ကျောက်ဂူ - နောင်ချိုလမ်း မိုင် ၁၁၄/ဝ-၁၁၅/၀ အတွင်း ဒုဌဝတီတံတား အဆင်းလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့မှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွာလာခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် (၁၈) ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၄)က ဇန်နဝါရီလ (၂၀)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်၍ မော်တော် ယာဉ်ကြီးနှင့် မော်တော်ယာဉ်လတ်များ ဖြတ်သန်းခွင့် ပိတ်ထားမည်ဟု ကြေငြာခဲ့သော်လည်း ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့အထိ ဖြတ်သန်းခွင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

 Tachileik News Agency
ဓါတ်ပုံ - တောင်ကြီးခရိုင် လမ်းဦးစီး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~