ကျောက်မဲမြို့အတွက် မဲရုံတာဝန်ကျ ကျောင်းဆရာမတစ်ဦးတွင် Covid-19 ပိုးတွေ့

ကျောက်မဲမြို့အတွက် မဲရုံတာဝန်ကျ ကျောင်းဆရာမတစ်ဦးတွင် Covid-19 ပိုးတွေ့
အောက်တိုဘာ 12, 2020
By Tachileik News Agency

ကျောက်မဲမြို့အတွက် မဲရုံတာဝန်ကျ ကျောင်းဆရာမတစ်ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ရန်ကုန်မှလာသည့် မဲရုံတာဝန်ကျကျောင်းဆရာမ တစ်ဦး၌ ကိုဗစ်ပိုးတွေ့သဖြင့် ခရိုင်ပြည်သူ့ဆေးရုံရှိ Isolation ward သို့ ပြောင်းရွှေ့ထားပြီး ၎င်းနှင့် ဆက်စပ်သူဆရာမတစ်ဦးကိုလဲ သီးသန့်စောင့်ကြည့် ထားရှိကြောင်း သိရသည်။
"သူက ရန်ကုန်ကလာတာ ဖြစ်တဲ့အတွက် အထက(၄)မှာ အသွားအလာ ကန့်သတ်တော့လဲ တစ်ခြား ဒေသက လာတဲ့သူတွေ၊ ကျောက်မဲက လူတွေနဲ့ ထိတွေ့မှု မရှိအောင် နေရာသီးသန့် ထား ထားတယ်၊ ရေချိုး တာက အစ နေရာသီးသန့် ထားပေးထား ပါတယ်၊ ကျန်တဲ့ ဆရာ/ ဆရာမတွေ အကုန် ပိုးမတွေ့ပါဘူး"ဟု  ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှ ကျောက်မဲ ဒုတိယခရိုင်  ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
အသက် (၃၅)နှစ်အရွယ် အဆိုပါ ကျောင်းဆရာမသည် အောက်တိုဘာလ (၆)ရက်နေ့က ရန်ကုန်မှ ကားစင်းလုံးငှားကာ ကျောက်မဲသို့  လာခြင်းဖြစ်ပြီး ကျောက်မဲရှိ အမှတ် (၄)အခြေခံပညာ အထက်တန်းကျောင်းတွင် အသွား အလာ ( သီးသန့် ) ကန့်သတ်ထားရှိသူ ဖြစ်ကြောင်း သိရသည်။
 
ကျောက်မဲမြို့နယ်အတွင်း မဲရုံများတွင် တာဝန်ကျ၍ အောက်တိုဘာလ(၉)ရက်နေ့က ရောက်ရှိလာသည့် ကျောင်းဆရာ၊ ဆရာမများ စုစုပေါင်း (၁၁၉)ဦးအား ကျန်းမာရေးက Covid-19 စစ်ဆေးရန်အတွက် ဓါတ်ခွဲနမူနာ ရယူကာ အောက်တိုဘာလ(၁၀)ရက်နေ့က ပို့စစ်ထားပြီး အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက အဖြေသိရှိရခြင်း ဖြစ်ကြောင်း သိရသည်။ 
Covid-19 ပိုး တွေ့သူ ကျောင်းဆရာမတစ်ဦး နှင့် ကားတစ်စီးတည်း စီးနင်းလာသူများမှာ လားရှိုးသို့ ဆက်လက်ထွက်ခွာသွားခဲ့သော်လည်း လားရှိုးမြို့တွင် Quarantine  ထားရှိထားပြီးဖြစ်ကာ ဓါတ်ခွဲနမူနာများလဲ ရယူစစ်ဆေးထားပြီး ဖြစ်သည်ဟု သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~