လားရိႈးၿမိဳ႕တြင္ဖြင့္လွစ္ထားသည့္ အေျခခံအိမ္တြင္းမႈသင္တန္းသို႔ ႏိုဝင္ဘာလ (၃၀)ရက္ေန႔ ေနာက္ဆံုး ေလွ်ာက္ထားႏုိင္

လားရိႈးၿမိဳ႕တြင္ဖြင့္လွစ္ထားသည့္ အေျခခံအိမ္တြင္းမႈသင္တန္းသို႔ ႏိုဝင္ဘာလ (၃၀)ရက္ေန႔ ေနာက္ဆံုး ေလွ်ာက္ထားႏုိင္
နိုဝင်ဘာ 26, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ဖြင့္လွစ္ေနသည့္ အေျခခံအိမ္တြင္းမႈသင္တန္း တက္ေရာက္လိုသည့္ အမ်ိဳးသမီးမ်ား ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၃၀)ရက္ေန႔အထိ စာရင္းေပးသြင္းသင္တန္းတက္ေရာက္ႏုိင္ေၾကာင္း သိရသည္။

"အဓိကအေနနဲ႔ကေတာ့ အမ်ိဳးသမီးေတြအတြက္ စက္ခ်ဳပ္ပညာ၊ ဇာထိုးပန္းထိုးပညာေတြကို သင္ၾကား ေပးတာျဖစ္ပါတယ္။ အေျခခံအတြက္ သင္တန္းသူ (၅၂) ဦး၊ အဆင့္ျမင့္သင္တန္းအတြက္ (၃၈) ဦး သင္ၾကားေပးသြားမွာျဖစ္ပါတယ္။ သင္တန္းတက္လိုသူေတြအေနနဲ႔ လာေရာက္ဆက္သြယ္ၿပီး သင္တန္းတက္လို႔ ရပါေသးတယ္" ဟု အမ်ိဳးသမီး အိမ္တြင္းမႈသင္တန္းေက်ာင္း (လားရိႈး) မွ သင္တန္းေက်ာင္းအုပ္ဆရာမႀကီး ေဒၚေဆြေဆြဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါသင္တန္းကို ရပ္ကြက္ (၁၂)၊ လားရိႈးႀကီးရပ္ရွိ အမ်ိဳးသမီးအိမ္တြင္းမႈသင္တန္းေက်ာင္းတြင္ ႏိုဝင္ဘာလ (၂၆)ရက္ေန႔က စတင္ဖြင့္လွစ္ေနျခင္းျဖစ္ၿပီး သင္တန္းကာလ (၃)လခြဲၾကာျမင့္မည္ျဖစ္ကာ ၂၀၁၉ ခုႏွစ္ မတ္လ (၁) ရက္ေန႔တြင္ သင္တန္းၿပီးဆံုးမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းႏွင့္ပတ္သက္၍ ဆက္သြယ္ေမးျမန္းလိုသူမ်ားအေနျဖင့္ ဖုန္း 09 440512541 သို႔ ဆက္သြယ္စံုစမ္းႏုိင္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့တွင်ဖွင့်လှစ်ထားသည့် အခြေခံအိမ်တွင်းမှုသင်တန်းသို့ နိုဝင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံး လျှောက်ထားနိုင်
********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်ဖွင့်လှစ်နေသည့် အခြေခံအိမ်တွင်းမှုသင်တန်း တက်ရောက်လိုသည့် အမျိုးသမီးများ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့အထိ စာရင်းပေးသွင်းသင်တန်းတက်ရောက်နိုင်ကြောင်း သိရသည်။

"အဓိကအနေနဲ့ကတော့ အမျိုးသမီးတွေအတွက် စက်ချုပ်ပညာ၊ ဇာထိုးပန်းထိုးပညာတွေကို သင်ကြား ပေးတာဖြစ်ပါတယ်။ အခြေခံအတွက် သင်တန်းသူ (၅၂) ဦး၊ အဆင့်မြင့်သင်တန်းအတွက် (၃၈) ဦး သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတက်လိုသူတွေအနေနဲ့ လာရောက်ဆက်သွယ်ပြီး သင်တန်းတက်လို့ ရပါသေးတယ်" ဟု အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်း (လားရှိုး) မှ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါသင်တန်းကို ရပ်ကွက် (၁၂)၊ လားရှိုးကြီးရပ်ရှိ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းတွင် နိုဝင်ဘာလ (၂၆)ရက်နေ့က စတင်ဖွင့်လှစ်နေခြင်းဖြစ်ပြီး သင်တန်းကာလ (၃)လခွဲကြာမြင့်မည်ဖြစ်ကာ ၂၀၁၉ ခုနှစ် မတ်လ (၁) ရက်နေ့တွင် သင်တန်းပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုသူများအနေဖြင့် ဖုန်း 09 440512541 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~