မိုင်းပန်မြို့နယ်အတွင်း လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လိုက်ပါလာသည့်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကို အမှုဖွင့်ထား

မိုင်းပန်မြို့နယ်အတွင်း လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လိုက်ပါလာသည့်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကို အမှုဖွင့်ထား
အောက်တိုဘာ 28, 2020
By Tachileik News Agency
မိုင်းပန်မြို့နယ်အတွင်း လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လိုက်ပါလာသည့်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကို အမှုဖွင့်ထား
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း မော်တော်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသွားသည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနခွဲစာရေးတို့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး ပစ်ခတ်ခံရမှုအား ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။ 
"ကျွန်တော်တို့ကတော့ အမှုဖွင့်ထားပါတယ်။ တပ်ပိုင်းဆိုင်ရာကတော့ လှုပ်ရှားမှုတွေတော့ ရှိမှာပေါ့နော်။ ကျွန်တော်တို့ကတော့ အသေးစိတ် မသိရပါဘူး။ ခရိုင်အုပ်ချုပ်ရေးမှူးရော၊ ဌာနခွဲစာရေးရော နှစ်ယောက်လုံး ဒီနေ့ operation လုပ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ပေါင်ကျိုးသွားတာပေါ့နော်။ နှစ်ယောက်စလုံးအခြေအနေကောင်းပါတယ်။ operation (ခွဲစိတ်ကုသမှု)ကတော့ ညနေ (၃)နာရီခွဲလောက်မှာ ပြီးပါတယ်"ဟု ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူးဦးနေလင်းက တာချီလိတ်သတင်းအေဂျင်စီသို့  အောက်တိုဘာလ(၂၈)ရက်နေ့တွင် ပြောသည်။ 
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်သို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့က မဲရုံဝန်ထမ်းနှင့် မဲရုံပစ္စည်းများသွားပို့ပြီး ပြန်လာသည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ စီးနင်းလိုက်ပါလာသည့်ယာဉ်ကို သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေမှာ ပေါင်တွင် ဒဏ်ရာရခဲ့ကာ ဌာနခွဲစာရေး ဦးနေမင်းအောင်တွင် ဘယ်ခြေသလုံးနှင့် လက်တို့၌ ဒဏ်ရာအသီးသီးရသွားခြင်းဖြစ်ကြောင်း သိရသည်။ 
ဒဏ်ရာရသွားသူနှစ်ဦးကို အောက်တိုဘာလ (၂၇)ရက်နေ့ကတည်းက တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ၌ ကုသပေးနေခြင်းဖြစ်သည်။ 
အဆိုပါပစ်ခတ်မှုမှာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၏ မော်တော်ယာဉ်များ လမ်းကြောင်းမှလာမည်ကို RCSS/SSA ၏ ရှေ့တန်းအဖွဲ့ထံ သတင်းပေးပို့ချက် မရောက်မီ မော်တော်ယာဉ်များက ရောက်သွားရာမှ မတော်တဆပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူများအား အရေးယူမည်ဖြစ်ကြောင်း RCSS/SSA က အောက်တိုဘာလ (၂၈)ရက်နေ့၌ ပြောကြားထားသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

ဆက်စပ်သတင်း

လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ RCSS/SSA က တပ်ဖွဲ့တွင်းအရေးယူမှု ပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲကာလ လုံခြုံရေးမစိုးရိမ်ရန် ပြောကြား
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~