တာချီလိတ်မြို့တွင် တစ်နေ့အတွင်း ဒုတိယမြောက် ဆိုင်ကယ်ထပ်မံ ခိုးခံရ

တာချီလိတ်မြို့တွင် တစ်နေ့အတွင်း ဒုတိယမြောက် ဆိုင်ကယ်ထပ်မံ ခိုးခံရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့ တစ်နေ့တာအတွင်း ဒုတိယမြောက် ဆိုင်ကယ်တစ်စီး ထပ်မံ ပျောက်ဆုံးမှု ည (၇)နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားသည်။

ကျွန်တော့်ဆိုင်ကယ် ည (၇)နာရီဝန်းကျင်က တာလော့ ဗယ်လင်တိုင်း လက်ဖက်ရည်ဆိုင်ဘေးက ဖုန်းဆိုင်ရှေ့မှာ ရပ်ထားတာ။ (၅)မိနစ်လောက်ပဲ ကြာတာ။ ပျောက်သွားတယ်။ အဆင်မပြေတဲ့ကြားထဲ ဖြစ်သွားတာဗျာ

ဟု ဆိုင်ကယ်ပိုင်ရှင်က Tachileik News Agency သို့ ပြောသည်။ 

ပျောက်သွားသည့်ဆိုင်ကယ်မှာ Honda Wave အပြာနှင့်အနက်ရောင်ဖြစ်ပြီး လိုင်စင်နံပါတ် ၁၆ယ/၁၆၇၂၂ ဖြစ်သည်။

ဆိုင်ကယ်၏ စက်အမှတ်မှာ -NF 100MAF0128915 ဖြစ်ပြီး ဘောင်အမှတ် NF100MR.0128915 ဖြစ်၍ အဆိုပါ ဆိုင်ကယ်အား တွေ့ရှိပါက ဖုန်း 09 261576752 သို့ ဆက်သွယ်ပေးကြရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းထားသည်။

တာချီလိတ်တွင် ယနေ့ ညနေ (၄)နာရီ ကျော်ကလည်း မကာဟိုခမ်းရပ်ကွက်ရှိ အလုပ်ဆိုဒ်တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးလည်း ခိုးယူခံခဲ့ရသည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် နေ့ခင်းအချိန်အတွင်း  ဆိုင်ကယ် ခိုးယူခံရ