ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် ယာဉ်မောင်းတစ်ဦးထံက Covid-19 တွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် ယာဉ်မောင်းတစ်ဦးထံက Covid-19 တွေ့
အောက်တိုဘာ 12, 2020
By Tachileik News Agency
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် ယာဉ်မောင်းတစ်ဦးထံက Covid-19  တွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့၌ တောင်ကြီးမှ ပြန်လာသည့် ကုန်ပစ္စည်းတင်ယာဉ်၏ ယာဉ်မောင်းတွင် COVID 19 ပိုးတွေ့ရသဖြင့် မိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"တောင်ကြီးကပြန်လာတဲ့ ကွမ်းယာပစ္စည်းတွေတင်လာတဲ့ probox ယာဉ်က ယာဉ်မောင်းကို test kit နဲ့စစ်တာ Positive တွေ့ရတယ်။ ကျွန်တော်တို့ ကျန်းမာရေးရဲ့ နောက်ဆုံး guideline အရ မိုင်းတုံဆေးရုံမှာပဲထားပြီး ကုပေးသွားမယ်။ ယာဉ်မောင်းက မိုင်းတုံကဆိုတော့ ထိတွေ့က သူ့မိသားစုရှိမယ်။ ကျွန်တော်တို့ ကူးစက်အမြင်နဲ့ဆိုရင် (၁၄)ရက်အတွင်း ထိတွေ့ကို မိုင်းတုံဆေးရုံအုပ်လည်း လိုက်နေပါတယ်။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ကုန်ပစ္စည်းတင် probox ယာဉ်မောင်းသည် အောက်တိုဘာလ (၁၀)ရက်နေ့က တောင်ကြီးသို့ သွားခဲ့ပြီးနောက် အောက်တိုဘာလ (၁၂)ရက်နေ့တွင် ကွမ်းယာပစ္စည်းများသယ်ဆောင်ကာ မိုင်းတုံမြို့သို့ ပြန်ဝင်လာစဉ် test kit ဖြင့် စစ်ဆေးရာမှ COVID 19 Positive တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ယခုတွေ့ရှိသည့် COVID 19 အတည်ပြုလူနာအပါအဝင် အတည်ပြုလူနာ စုစုပေါင်း (၇)ဦးတွေ့ခဲ့ရခြင်းဖြစ်ပြီး ယခင် (၆)ဦးမှာ ဆေးရုံမှ ဆင်းသွားနိုင်ကြပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~