ကျောက်မဲမြို့တွင်းသို့ သတင်းမပို့ဘဲ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးကို Quarantine (၁၄)ရက် သတ်မှတ်

ကျောက်မဲမြို့တွင်းသို့ သတင်းမပို့ဘဲ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးကို Quarantine (၁၄)ရက် သတ်မှတ်
စက်တင်ဘာ 19, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင်းသို့ သတင်းမပို့ဘဲ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးကို Quarantine (၁၄)ရက် သတ်မှတ်
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် မြို့အတွင်းသို့ စက်တင်ဘာလ (၁၉)ရက် နံနက်က  သတင်းမပို့ဘဲ ဝင်ရောက်လာသည့်  ကုန်တင်ကားသမားတစ်ဦးအား  အရေးယူသည့် အနေဖြင့် (၁၄)ရက် Quarantine သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။
"အဲ့ဒီကားဆရာက မနေ့ညက Check Point 2 ( ကုန်တင်ယာဥ် စစ်ဆေးမှု စင်တာ) မှာ သတင်းပို့ ပြီးသား။လူစားထိုးဝင်ဖို့ ဖြတ်ပိုင်းယူပြီး မြို့ပြင်မှာ ညအိပ်တယ်။ မနက်ကျတော့ ကားဆရာ လူစားလဲပြီး မြို့ထဲကို ကုန်ချတယ်။ အဲ့မှာ လူစား ထိုးထားတဲ့ယာဥ်မောင်းက ယာဥ်နဲ့ပတ်သက်လို့ လှမ်းခေါ်တာကို သူက ဆိုင်ကယ်နဲ့ မြို့ထဲဝင်လာတာ။ အဲ့ဒါနဲ့ သတင်းရလို့ သက်ဆိုင်တဲ့ အဖွဲ့တွေနဲ့ လိုက်ရှာပြီး သူတို့ရဲ့ ဆုံးဖြတ်မှုနဲ့ Quarantine ဝင်စေလိုက်တာ"ဟု အဆိုပါ ယာဥ်မောင်းကို Quarantine  စင်တာသို့ ပို့ဆောင်ပေးခဲ့သည့် အဖြူရောင်နှလုံးသား ပရဟိတအသင်းမှ ကိုဇော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ယာဥ်မောင်းသည် မန္တလေးတိုင်း မတ္တရာမြို့မှ ကုန်များ တင်ဆောင်မောင်းနှင်လာသူ ဖြစ်ပြီး သတင်းမပို့ဘဲ မြို့တွင်း ဝင်ရောက်လာသဖြင့် ကိုဗစ်ကော်မတီနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ၏ ဆုံးဖြတ်မှုဖြင့် ပထမဆုံး အရေးယူခံရပြီး မိမိ စရိတ်ဖြင့် Quarantine ဝင်သွားရသူ ဖြစ်သည်။
ကျောက်မဲမြို့တွင် စက်တင်ဘာ (၁၀)ရက်က စတင်၍ မြို့အတွင်းသို့ ဝင်ရောက်နိုင်မည့် လမ်းများ အားလုံးပိတ်ထားခဲ့ခြင်း ဖြစ်ကာ  စက်တင်ဘာ (၁၅)ရက်က စတင်၍ ကျောက်မဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကုန်တင်ယာဥ်ကြီးများ စစ်ဆေးကြီးကြပ်ရေးအဖွဲ့ ကို ဖွဲ့စည်း ပေးထားခဲ့ခြင်း ဖြစ်သည်။
ကုန်တင်ယာဥ်များ စစ်ဆေးရေးစင်တာ ( Check Point 2 )ကိုလည်း မြို့အဝင် ခိုမုန်းကျေးရွာ စာသင်ကျောင်းအနီး၌ ဖွင့်လှစ်ကာ မန္တလေးနှင့် လားရှိုး ဘက်မှ လာသော ကုန်တင်ယာဥ်များမှ ယာဥ်မောင်းများကို လူစားထိုး လဲလှယ်စေပြီးမှ မြို့အတွင်း ဝင်စေသော စနစ်အား အသုံးပြုနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကိုဇော်ထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~