သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၏ နေအိမ်တွင် အသေးစား ပေါက်ကွဲမှုဖြစ်ပွား

သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၏ နေအိမ်တွင် အသေးစား ပေါက်ကွဲမှုဖြစ်ပွား
ဧပြီ 30, 2021 | ရှမ်းမြောက်

သီပေါမြို့နယ် ကော်မရှင်ဥက္ကဌနေအိမ်တွင် အသေးစား ပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့ပေါ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၏ နေအိမ်တွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ ည (၁၁) နာရီခွဲဝန်းကျင်က အသေးစားပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

 

သီပေါမြို့၊ တောင်မြို့ရပ်ကွက်၊ နယ်မြေ(၂)ရှိ ကော်မရှင်ဥက္ကဌ၏ နေအိမ်ကို ဗုံးဖြင့်ပစ်ခတ်မှုကြောင့် အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အဦပြင်ပတွင် အနည်းငယ် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

မည်သည့်ဗုံးအမျိုးအစားဖြင့် ပစ်ခတ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပေါက်ကွဲမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။