သင်သိပါသလား …… လူစုလူဝေးကို (၅)ဦးအောက်ကနေ (၁၅)ဦးအောက်အထိ စုခွင့်ပေးလိုက်ပေမဲ့ ကန့်သတ်ချက်တွေ ရှိသေးတယ်ဆိုတာ...

သင်သိပါသလား …… လူစုလူဝေးကို (၅)ဦးအောက်ကနေ (၁၅)ဦးအောက်အထိ စုခွင့်ပေးလိုက်ပေမဲ့ ကန့်သတ်ချက်တွေ ရှိသေးတယ်ဆိုတာ...
ဇူလိုင် 31, 2020
By Tachileik News Agency

သင်သိပါသလား ……
လူစုလူဝေးကို (၅)ဦးအောက်ကနေ (၁၅)ဦးအောက်အထိ စုခွင့်ပေးလိုက်ပေမဲ့ ကန့်သတ်ချက်တွေ ရှိသေးတယ်ဆိုတာ...

🔘 ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့မှစပြီး နေအိမ်ပြင်ပနေရာများတွင် လူစုလူဝေးပြုလုပ်ခြင်းကို ယခင်က လူ(၅)ဦးနှင့် (၅)ဦးအထက် မစုရဟု ကန့်သတ်ထားရာမှ လူ(၁၅)ဦးနှင့် (၁၅) ဦးအထက်ဟု ပြင်ဆင်ပြောင်းလဲပေးထားပြီဖြစ်သော်လည်း COVID 19 ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာရမှာ ဖြစ်ပါတယ်။

🔘 COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များကို အတိအကျ လိုက်နာသည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းအချို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပြီဖြစ်ရာ ယခင်ထုတ်ပြန်ချက်ဖြစ်သည့် နေအိမ်ပြင်ပတွင် လူ(၅)ဦးနှင့် (၅)ဦးအထက် ပိုမစုရန် ကန့်သတ်ထားချက်ကို ဖြေလျော့ပေးလာခြင်းဖြစ်ပါတယ်။

🔘 COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ရသည့် လုပ်ငန်းခွင်များသည် လာရောက် အလုပ်လုပ်ကိုင်သည့် ဝန်ထမ်းများ၊ ဝန်ဆောင်မှုရယူသူများ COVID 19 ကူးစက်ခံရခြင်းမရှိစေရေး ကာကွယ်ရေး အစီအစဉ်များကို မဖြစ်မနေ လုပ်ဆောင်ထားရမည်ဖြစ်ပြီး (၁၅)ဦးထက်မပိုသော လူဦးရေရှိသည့် နေရာများတွင် လူစုလူဝေးမဖြစ်စေဘဲ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ နေထိုင်သွားလာခြင်း၊ Mask တပ်ခြင်း၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးခြင်း (သို့မဟုတ်) Hand Gel ဖြင့် ဆေးကြောခြင်းများကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။

🔘 COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များကို မလိုက်နာခြင်းက ဗိုင်းရပ်စ်ကူးစက်နိုင်ချေများသည့်အပြင် ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူခံရနိုင်ပါတယ်။