တာချီလိတ် နှင့် မယ်ဆိုင် မြို့နယ်အဆင့် အလွတ်သဘော စတင် ဆွေးနွေး

တာချီလိတ် နှင့် မယ်ဆိုင် မြို့နယ်အဆင့် အလွတ်သဘော စတင် ဆွေးနွေး
စက်တင်ဘာ 25, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင် မြို့နယ်အဆင့် အလွတ်သဘော စတင် ဆွေးနွေး
မြန်မာ - ထိုင်းနှစ်နိုင်ငံ တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် တာဝန်ရှိသူများ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ရွှေနန်းတော်ကုန်တိုက် အစည်းအဝေးခန်းမ၌ တံခါးပိတ် အလွတ်သဘောဆွေးနွေးနေပြီဖြစ်သည်။
တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မယ်ဆိုင်မြို့ပိုင်တို့ (၂)ဦး တံခါးပိတ်ဆွေးနွေးနေကြပြီး ဆွေးနွေးမှုရလဒ်များကို ပြန်လည်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ် - မယ်ဆိုင်နှစ်နိုင်ငံကြား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)တွင် နေ့စဉ် ထိုင်းလိုင်စင်ယာဉ် (၁၆၂)စီးနှင့် မြန်မာလိုင်စင်မော်တော်ယာဉ် (၆)စီးကိုသာ ဖြတ်သန်းခွင့်ပေးမည်ဟု စက်တင်ဘာလ (၁၅)ရက်နေ့၌ ထိုင်းဘက်က ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ ထုတ်ပြန်ခြင်းအပေါ် ထိုင်းလိုင်စင်ယာဉ်များလည်း မြန်မာနည်းတူ (၆)စီးသာဝင်ရန် စက်တင်ဘာလ (၁၆)ရက်နေ့၌ ပြန်လည်ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ တုန့်ပြန်လိုက်မှုကြောင့် မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ တင်ပို့နေသည့် ကုန်စည်များ တင်ပို့မှုများစွာ ကျဆင်းသွားသည့်အတွက် နေ့စဉ် ဘတ်သန်း (၈၀)မှ (၁၀၀)ကြား ဆုံးရှုံးနေရပြီး မယ်ဆိုင်ဘက်ခြမ်းရှိ ကုန်တိုက်ကြီးများ၌ အရောင်းထက်ဝက်ကျော် ကျဆင်းသွားသဖြင့် တာချီလိတ်ဘက်မှ တာဝန်ရှိသူများနှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် ထိုင်းကုန်သည်၊ လုပ်ငန်းရှင်များက မယ်ဆိုင်မြို့မှ တာဝန်ရှိသူများအား တောင်းဆိုတိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)တွင် မြန်မာလိုင်စင်မော်တော်ယာဉ်များအား ထိုင်းဘက်သို့ဝင်၍ ကုန်စည်သယ်ယူပို့ဆောင်ခွင့်အတွက် ကန့်သတ်နေမှုများအပါအဝင် တာချီလိတ် - မယ်ဆိုင် နှစ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များတွင် နှစ်နိုင်ငံတန်းတူအခွင့်အရေးအပေါ် အခြေခံရန် တာချီလိတ်မှ တာဝန်ရှိသူများက ပြောကြားထားခြင်းဖြစ်သည်။
တာချီလိတ် - မယ်ဆိုင် ပုံမှန်ကုန်သွယ်ရေးဖြစ်စေရန် တာချီလိတ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး နှစ်ပတ်အတွင်း ဖြေရှင်းပေးမည်ဟု မယ်ဆိုင်မြို့ပိုင်က ထိုင်းကုန်သည်၊ လုပ်ငန်းရှင်များအား ပြောကြားထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~