တာချီလိတ် မြသဟာဆေးရုံ (အဆွေတော်မိသားစု)၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) ရုံးခွဲ စတင်ဖွင့်လှစ်သည့် အထိမ်းအမှတ် အသည်းရောင်ဘီကာကွယ်ဆေး အခမဲ့ထိုးနှံပေး

တာချီလိတ် မြသဟာဆေးရုံ (အဆွေတော်မိသားစု)၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) ရုံးခွဲ စတင်ဖွင့်လှစ်သည့် အထိမ်းအမှတ် အသည်းရောင်ဘီကာကွယ်ဆေး အခမဲ့ထိုးနှံပေး
ဇူလိုင် 27, 2020
By Tachileik News Agency

တာချီလိတ် မြသဟာဆေးရုံ (အဆွေတော်မိသားစု)၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) ရုံးခွဲ စတင်ဖွင့်လှစ်သည့် အထိမ်းအမှတ် အသည်းရောင်ဘီကာကွယ်ဆေး အခမဲ့ထိုးနှံပေး

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ) (GI and Liver Foundation -Myanmar) ၏ ရုံးခွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြသဟာဆေးရုံ (အဆွေတော်မိသားစု) ၌ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် စတင်ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် လူဦးရေ (၃၀)ကို အသည်းရောင်အသားဝါဘီပိုး အခမဲ့ စစ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်သည်။

အဆိုပါဖောင်ဒေးရှင်းရုံးခွဲဖွင့်ပွဲအနေဖြင့် လူဦးရေ (၃၀) ကို အသည်းရောင်အသားဝါဘီပိုး အခမဲ့စစ်ဆေး ထိုးနှံပေးခြင်းနှင့် ကုသမှုခံယူရန် လိုအပ်သူ (၁၀) ဦးကို အခမဲ့ကုသပေးခြင်းအား ဆောင်ရွက်ပေးသည်ကို တွေ့ရသည်။

ဖောင်ဒေးရှင်းဖွင့်ပွဲသို့ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ (GI and Liver Foundation -Myanmar) မှ အသည်းအထူးကုဆရာဝန်ကြီးများနှင့် မြသဟာဆေးရုံ (အဆွေတော်မိသားစု) ပိုင်ရှင် ဦးတင်လှိုင် (အဆွေတော်)တို့က ရုံးခွဲဖွင့်လှစ်ရခြင်းအကြောင်းရင်းအား မိတ်ဆက်ရှင်းလင်းပြီးနောက် အသည်းရောင်အသားဝါဘီပိုးစစ်ဆေးရန် စာရင်းပေးသွင်းထားသူများအား အခမဲ့ စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းများကို ဆရာဝန်ကြီးများနှင့် ကျန်းမာရေးအဖွဲ့က ဆောင်ရွက်ပေးကြသည်။

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)သည်  တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နှင့် (၂၂)ရက်နေ့များကလည်း တာချီလိတ်မြို့မှ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး စစ်ဆေးလိုသူ (၅၀၀)ဦးအား အခမဲ့စစ်ဆေး၊ ကာကွယ်ဆေးထိုးနှံပေးသည့်အပြင်  ဝစီပိတ်ဆရာတော်၊ မြသဟာဆေးရုံ (အဆွေတော်)နှင့် ဦးစိုင်းပွတ်တို့က နောက်ထပ် လူဦးရေ (၅၀၀)စာ ကာကွယ်ဆေးများ ထပ်မံလှူဒါန်းသည့်အတွက် ဖောင်ဒေးရှင်းက အဆိုပါထပ်တိုးလူဦးရေ (၅၀၀)ကို အခမဲ့စစ်ဆေးပေးခြင်းများ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူဦးရေ (၁,၀၀၀) စာအတွက် ကာကွယ်ဆေး (၃) ကြိမ်လုံးကို အခမဲ့ထိုးနှံပေးခြင်းကို ဖောင်ဒေးရှင်းနှင့် ဒေသတွင်းအလှူရှင်များ ပူးပေါင်းကျခံပေးခဲ့ကြခြင်းဖြစ်သည်။

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ)သည် တာချီလိတ်ရှိ မြသဟာ (အဆွေတော်) ဆေးရုံတွင် ရုံးခွဲဖွင့်လှစ်ထားပြီး ကုသမှုများ ဆောင်ရွက်ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~