၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို အွန်လိုင်းမှ ကြည့်နိုင်ရန် ဆောင်ရွက်မည်

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို အွန်လိုင်းမှ ကြည့်နိုင်ရန် ဆောင်ရွက်မည်
ဇွန် 12, 2020
By 🌸
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို အွန်လိုင်းမှ ကြည့်နိုင်ရန် ဆောင်ရွက်မည်

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲဆန္ဒရှင်ပေါင်း (၃၇)သန်းကျော်အနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါ၊ မပါကို စစ်ဆေးနိုင်မည့် မဲစာရင်းကို Mobile Application ဖြင့် အွန်လိုင်းမှ ကြည့်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်နေကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပရမည့်ကာလမှာ COVID 19 ကာလအတွင်းဖြစ်နေ၍  ရွေးကောက်ပွဲလုပ်ငန်းစဉ်များအနက်မှ  မဲဆန္ဒရှင်များ မိမိအမည် ပါမပါ စစ်ဆေးကြမည့် မဲစာရင်းကပ်ထား ကြေညာသည့်ကာလ၊ မဲဆွယ်စည်းရုံးရေးကာလနှင့် မဲပေးသည့်နေ့တို့တွင်  လူစုလူဝေးမဖြစ်စေရန် ကော်မရှင်နှင့် သက်ဆိုင်ရာအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးလုပ်ဆောင်နေကြရာ မဲစာရင်းကပ်သည့်အချိန်၌ မဲဆန္ဒရှင်များအနေဖြင့် ယခင်ကကဲ့သို့ သွားရောက်ကြည့်ရှုရန်မလိုဘဲ မိမိ၏ Mobile မှ ကြည့်ရှုနိုင်ရန် Mobile Application ကို စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကာလအတွင်း လူစုလူဝေးကြောင့် COVID 19 မပျံ့ပွားစေရေးလုပ်ဆောင်ရန်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် International Foundation for Electoral Systems (IFES) အဖွဲ့မှ တာဝန်ရှိသူများ  ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌  ဆွေးနွေးခဲ့ဲကြခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး၌ မဲရုံပေါင်း (၄၀၀၀၀) ကျော် လျာထားကာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်ပြည်သူများ မဲရုံတွင် မဲစာရင်းကြည့်သည့်အချိန်နှင့် မဲပေးခြင်း ဆောင်ရွက်သည့်အချိန်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကို သရုပ်ပြမဲရုံများပြသ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကိုလည်း နိုဝင်ဘာလတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~