ကျောက်ကြီးရဲကင်းစခန်းကို KIA ဝင်စီးပြီး လက်နက်များ သိမ်းဆည်း

ကျောက်ကြီးရဲကင်းစခန်းကို KIA ဝင်စီးပြီး လက်နက်များ သိမ်းဆည်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ကျောက်ကြီးကျေးရွာရှိ ရဲကင်းစခန်းကို ယနေ့ မတ်လ(၃၁)ရက်နေ့အကူး နံနက်အစောပိုင်း (၃)နာရီဝန်းကျင်က KIA မှ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ကျောက်ကြီးရဲစခန်းအတွင်းရှိ လက်နက်ခဲယမ်းများနှင့် ရိက္ခာများကို သိမ်းဆည်းသွားပြီး စခန်းမှူးမှာ ကျည်ရှပ်ထိဒဏ်ရာရရှိကြောင်း သိရသည်။