အထူးဒေသ(၄)ဘက်မှာ Q ဝင်ပြီးတဲ့ မြန်မာလုပ်သား (၁၅၁)ဦး မိုင်းယုမြို့ကနေ နေရပ်ပြန်

အထူးဒေသ(၄)ဘက်မှာ Q ဝင်ပြီးတဲ့ မြန်မာလုပ်သား (၁၅၁)ဦး မိုင်းယုမြို့ကနေ နေရပ်ပြန်
ဇွန် 5, 2020
By Tachileik News Agency

အထူးဒေသ(၄)ဘက်မှာ Q ဝင်ပြီးတဲ့ မြန်မာလုပ်သား (၁၅၁)ဦး မိုင်းယုမြို့ကနေ နေရပ်ပြန်

အထူးဒေသ(၄) နမ့်ပန်းဒေသမှာ Facility Quarantine နေထိုင်ပြီး ဖြစ်တဲ့ မြန်မာလုပ်သားများအနက် (၁၅၁)ဦးကို ၂၀၂၀ခုနှစ် ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းက နမ့်ပန်းဒေသဘက်က တာဝန်ရှိသူများက မိုင်းယုမြို့အထိ လာရောက် ပို့ဆောင်ပေးခဲ့ကြပါတယ်။

အထူးဒေသ(၄)၊ နမ့်ပန်းဒေသရဲ့ ရဲတပ်အဖွဲ့မှ ရဲမှူး ချစ်ဆွေ နှင့် တာဝန်ရှိသူများက ကျိန်းယဲန်း - မိုင်းယု တံတားပေါ်အထိ မြန်မာလုပ်သား(၁၅၁)ဦးကို လာရောက်ပို့ဆောင်ရာမှာတော့ ရှမ်းပြည်နယ်လွှတ်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့က ကြိုဆိုလက်ခံခဲ့ကြပါတယ်။

လာရောက်ပို့ဆောင်တဲ့  မြန်မာလုပ်သားတွေဟာ ရန်ကုန်၊ ပဲခူးတိုင်း၊ မကွေး၊ မန္တလေး နဲ့ ဧရာဝတီတိုင်းဒေသကြီး အပြင် ကချင်၊ ရခိုင် နှင့် ရှမ်းပြည်နယ်တို့မှ ပါဝင် ပါတယ်။၊

အခုလို ရောက်ရှိလာသူများကို သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ လူမှုရေးအသင်းအဖွဲ့များ။ ကျန်းမာရေးအဖွဲ့များက လိုအပ်တာများကို ကူညီဆောင်ရွက်ပေးပြီး ကြိုတင်စီစဉ်ပေးထားတဲ့ ယာဉ်လိုင်းများနဲ့ နေရပ်ဒေသအသီးသီးကို ပြန်ပို့နိုင်ဖို့ မိုင်းယုမြို့ကနေ ထွက်ခွာသွားကြပါတယ်၊

အထူးဒေသ(၄) နမ့်ပန်းဒေသမှာ Facility Quarantine (၂၁)ရက် သတ်မှတ်နေထိုင်ပြီးသူများကို နယ်စပ်ဒေသ ဖြစ်တဲ့ တာချီလိတ်ခရိုင်အတွင်းထဲက အခုလို လာရောက်ပို့ဆောင်တာ (၅)ကြိမ်မြောက်အတွင်း နေရပ်ပြန် မြန်မာလုပ်သား စုစုပေါင်းဟာ (၁၆၆၉)ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

  Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ကိုကိုနိုင် (မိုင်းယု )


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~