တာချီလိတ်တွင် ဒေသန္တရအမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသည့်အဖွဲ့မှ ထိုင်းနိုင်ငံသား (၃)ဦးကို ပြည်နှင်ဒဏ်ပေး

တာချီလိတ်တွင် ဒေသန္တရအမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသည့်အဖွဲ့မှ ထိုင်းနိုင်ငံသား (၃)ဦးကို ပြည်နှင်ဒဏ်ပေး
ဇွန် 1, 2020
By 🌸
တာချီလိတ်တွင် ဒေသန္တရအမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသည့်အဖွဲ့မှ ထိုင်းနိုင်ငံသား (၃)ဦးကို ပြည်နှင်ဒဏ်ပေး

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ဒေသန္တရအမိန့်ချိုးဖေါက်ပြီး  သင်္ကြန်ပါတီကျင်းပသည့်အဖွဲ့မှ ထိုင်းနိုင်ငံသား (၃)ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၌ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မယ်ဆိုင်ဘက်ခြမ်းတွင် ပြည်နှင်လွှဲပြောင်းလိုက်သည်။

ထိုင်းနိုင်ငံသား အားတီ၊ ထိုင်းနိုင်ငံသူ အောနာဒွန်ဝုန်ငင်နှင့် ဒစ်ဆာဒိကမ်လိုခါရွက်တို့ (၃)ဦးကို မြန်မာ လဝကတာဝန်ရှိသူများက မယ်ဆိုင်လဝက တာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ ထိုင်းနိုင်ငံသား အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးတို့သည် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့တွင် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် ဒဏ်ငွေ (၅၀၀၀)ကျပ် ပြစ်ဒဏ်ချမှတ်ခံထားရသည့် (၁၂)ဦးအဖွဲ့မှဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖေါက်မှုဖြင့် ထပ်မံအရေးယူပြီး ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။

COVID 19 ကာကွယ်ရေးအတွက် သင်္ကြန်ကာလ ရေကစားခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီးထားသည့်ကာလအတွင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့၌ Mr.Crush Bar တွင် မြန်မာနှင့် ထိုင်းနိုင်ငံသားများပါဝင်သည့် သင်္ကြန်ပါတီပွဲ ဆင်နွှဲကာ facebook တွင် Live လွှင့်ခဲ့ရာမှ ဖမ်းဆီးအရေးယူခံကြရခြင်းဖြစ်သည်။

သင်္ကြန်ပွဲကျင်းပသူများအား အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက အမှုဖွင့်တိုင်တန်းခဲ့ပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံ တရားစွဲဆိုခွင့်တောင်းရာတွင်  ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေဖြင့် ပြောင်းလဲအရေးယူရန် ပြန်ကြားခဲ့ခြင်းဖြစ်သည်။

သင်္ကြန်ပွဲကျင်းပသူ (၁၂)ဦးကို တာချီလိတ်မြို့နယ်တရားရုံးက ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေအရ ငွေဒဏ် ကျပ် (၅၀၀၀)စီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ပြီး  ထိုင်းနိုင်ငံသား (၃)ဦးမှာ ဗီဇာစည်းကမ်းချိုးဖေါက်မှုဖြင့် ထပ်မံတရားရင်ဆိုင်ရပြီး ရဲတပ်သားတစ်ဦးမှာ ရဲစည်းကမ်းဥပဒေဖြင့် ထပ်မံရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~