တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးအမှတ်(၁)တံတား မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးမည်

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးအမှတ်(၁)တံတား မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးမည်
ဇွန် 21, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးအမှတ်(၁)တံတား မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးမည် 

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားအား မကြာမီ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်  ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့တွင် တာချီလိတ်ဘက်က တာဝန်ရှိသူများနှင့် ချစ်ကြည်ရေးအမှတ်(၂)တံတား ထိုင်းဘက်တွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ချင်းရိုင်းခရိုင်အတွင်း နယ်စပ်ဂိတ်အသီးသီးမှ တာဝန်ရှိသူများနှင့် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့တို့ ဇွန်လ (၁၉) ရက်နေ့က ချစ်ကြည်ရေးအမှတ်(၂)တံတားရှိ မယ်ဆိုင်အကောက်ခွန်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မယ်ဆိုင် - တာချီလိတ် နယ်စပ်တံတားအပါအဝင် နယ်စပ်ဂိတ်များ၌ ရောဂါကူးစက်ပျံ့နှံ့ခြင်းမရှိစေဘဲ ပြန်လည်ဖွင့်လှစ်နိုင်မည့် နည်းလမ်းရှာဖွေဆွေးနွေးကြကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပါက လူနှင့် ယာဉ်အဝင်အထွက်များ၌ COVID 19 ကာကွယ်ရေးအတွက် ပြင်ဆင်ထားကြရန် ညွှန်ကြားထားကြောင်း သိရသည်။

နယ်စပ်ဒေသများတွင် COVID 19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်စေရေးအတွက် လူနှင့် ယာဉ်အဝင်အထွက် အကန့်အသတ်ဖြင့် ခွင့်ပြုခြင်းကဲ့သို့ နည်းလမ်းများကို ဆွေးနွေးနေကြပြီး ဇွန်လ (၂၃) ရက်နေ့၌ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၁)ပြန်လည်ဖွင့်လှစ်ရေးအတွက် ပြင်ဆင်ရန် တာချီလိတ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

ယင်းနေ့တွင် ချင်းရိုင်းကုန်သည်များအသင်းကလည်း မယ်ဆိုင်ဒေသတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မယ်ဆိုင်ဒေသ စီးပွားရေးနလံပြန်ထူရေးအတွက် အဖြေရှာကြမည်ဟု သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် မယ်ဆိုင်ဒေသ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက်  ရောဂါထိန်းချုပ်ရေး ပြင်ဆင်ထားပြီးဖြစ်သည့် မယ်ဆိုင် - တာချီလိတ်ကဲ့သို့ နယ်စပ်ဂိတ်များကို စတင်ဖွင့်လှစ်သွားရန် ဆွေးနွေးနေကြကြောင်း သိရသည်။

ဇွန်လ(၂၃)ရက်နေ့တွင် ထိုင်းနိုင်ငံဘက်မှ ပို့ဆောင်လွှဲပြောင်းလာမည့် နေရပ်ပြန် နှင့် ပြစ်ဒဏ်စေ့ စုစုပေါင်း (၂၀၀)ဝန်းကျင်ကိုလည်း တာချီလိတ်က လက်ခံပေးသွားရန် အစီအစဉ်ရှိနေပြီး လက်ခံပြီးသည့်အခါ တခါတည်း နေရပ်ပြန်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~