တာချီလိတ်မြို့တွင် Covid-19 ကြောင့် ခက်ခဲနေသူများကို App Studio က အိမ်တိုင်ရာရောက် ကူညီမည့် အစီအစဉ် စတင် 

တာချီလိတ်မြို့တွင် Covid-19 ကြောင့် ခက်ခဲနေသူများကို App Studio က အိမ်တိုင်ရာရောက် ကူညီမည့် အစီအစဉ် စတင် 
သြဂုတ် 3, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း)  တာချီလိတ်မြို့တွင် App Studio က အကူအညီလိုအပ်သူများအတွက် စားသောက်ကုန်နှင့် လူသုံးကုန်များ အိမ်တိုင်ရာရောက်ကူညီပေးမည့်အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့တွင် စတင်ရာ အကူအညီတောင်းခံသူ (၁၀၀)ကို စာရင်းလက်ခံရရှိသည်ဟု သိရသည်။

ယနေ့စတင် ကြေညာသည့်နေ့တွင် ဆက်သွယ်လာသူ (၁၀၀)ဦး နီးပါးရှိပြီး App Studio က လူဦးရေ (၃၀၀) စာ မတည်ထားပြီး နောက်ပိုင်းထပ်တိုးလာသူများအား လှူဒါန်းနိုင်ရန် App Studio မှ Apple Device တစ်ခုဝယ်ယူတိုင်း လှူဒါန်းမှုသို့ ကျပ်တစ်သောင်းထည့်မည့်အပြင် ဝယ်ယူသူကို အလှူရှင်စာရင်းတွင် ဖေါ်ပြမည့်အစီအစဉ်ကို လုပ်ဆောင်ထားကြောင်း သိရသည်။

တာချီလိတ်မှ Covid-19 ကြောင့် အခက်အခဲဖြစ်ရသူ၊ မိမိအနီးဝန်းကျင်တွင် အခက်အခဲဖြစ်နေသူကို တွေ့ပါက App Studio ၏ ပို့စ်မှ Comment တွင် လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံဖြင့် အကူအညီတောင်းနိုင်သည်ဟု သိရသည်။

ယင်းကဲ့သို့ အကူအညီတောင်းခံလာသူများကို App Studio က အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကို သွားရောက်လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် App Studio မှ Apple Devices ဝယ်ယူပြီး လှူဒါန်းမှုအစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့်လည်း COVID 19 ကာလအတွင်း အခက်အခဲမရှိစေရန် App Studio က အိမ်တိုင်ရာရောက်ပို့သည့်စနစ်ဖြင့် ပို့ပေးမည်ဖြစ်ကြောင်းသိရသည်။

ဆက်သွယ်အကူအညီတောင်းခံရန် https://www.facebook.com/appstudiotcl/posts/4168848173204533 

#TachileikNewsAgency