သင်သိပါသလား ကမ္ဘာတစ်လွှားမှာ Covid-19 ကူးစက်ခံရသူပေါင်း လူဦးရေသိန်း(၁၀၀)ကျော်သွားပြီဆိုတာ..

သင်သိပါသလား ကမ္ဘာတစ်လွှားမှာ Covid-19 ကူးစက်ခံရသူပေါင်း လူဦးရေသိန်း(၁၀၀)ကျော်သွားပြီဆိုတာ..
ဇွန် 29, 2020
By Tachileik News Agency
သင်သိပါသလား ကမ္ဘာတစ်လွှားမှာ Covid-19 ကူးစက်ခံရသူ သိန်း(၁၀၀)ကျော်သွားပြီဆိုတာ..

ကမ္ဘာကြီးမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားတဲ့ COVID 19 ဟာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့မှာ ကမ္ဘာတလွှား ကူးစက်ခံရသူပေါင်း လူဦးရေ သိန်း (၁၀၀) ကျော်သွားပြီး အသက်ဆုံးရှုံးရသူ (၅) သိန်းကျော်ရှိနေပါပြီ…

ကူးစက်ခံရသူ စုစုပေါင်း (၁၀,၁၀၄,၀၄၅) မှာ အသက်ဆုံးရှုံးရသူ စုစုပေါင်း (၅၀၀, ၃၂၁) ဦး ရှိနေပါပြီ…

မိမိနှင့် ပတ်ဝန်းကျင်မှာ COVID 19 ကူးစက်ခံရခြင်းမရှိစေရန် 

- တတ်နိုင်သမျှ မိမိတို့၏ နေအိမ်တွင် သာနေထိုင်ပြီး လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။

- လူစုလူဝေးရှိရာ နေရာများသို့ သွားသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို တပ်ဆင်ကြပါရန်။

- အခြားသူများနှင့် တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်။

- လက်ကို ရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် (၂၀) ကြာအောင် စနစ်တကျ မကြာခဏ ဆေးကြောရန် (သို့မဟုတ်) လက်သန့်စင်ဆေးရည်နှင့် ဆေးကြောကြပါရန်။

Source: Johns Hopkins University, Ministry of Health and Sport Myanmar