လာအိုနိုင်ငံဘက်က နေရပ်ပြန်လိုသည့် မြန်မာလုပ်သား (၂၀၀)ကျော်ကိစ္စ သံရုံးသို့ တင်ပြရန် အမည်စာရင်း ပြုစုနေဆဲ

လာအိုနိုင်ငံဘက်က နေရပ်ပြန်လိုသည့် မြန်မာလုပ်သား (၂၀၀)ကျော်ကိစ္စ သံရုံးသို့ တင်ပြရန် အမည်စာရင်း ပြုစုနေဆဲ
ဇွန် 10, 2020
By Tachileik News Agency
လာအိုနိုင်ငံဘက်က နေရပ်ပြန်လိုသည့် မြန်မာလုပ်သား (၂၀၀)ကျော်ကိစ္စ သံရုံးသို့ တင်ပြရန် အမည်စာရင်း ပြုစုနေဆဲ 

လာအိုနိုင်ငံဘက်မှ နေရပ်ပြန်လိုကြောင်း စာရင်းပေးထားသည့် မြန်မာနိုင်ငံသားဦးရေ ရာနှင့်ချီ၍ရှိနေသော်လည်း လာအိုဘက်မှ တာဝန်ရှိသူများက စာရင်းများ ပြုစုနေဆဲဖြစ်နေ၍ မြန်မာဘက်သို့ ပြန်ပို့မည့်နေ့ရက်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့အထိ အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

လာအိုဘက်မှာလည်း ပြန်မယ့်သူ (၂၀၀) ကျော်ရှိနေတယ်လို့ ကြားတယ်။ စာရင်းတွေက နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တစ်ဆင့် သွားမှာဆိုတော့ အခုချိန်ထိတော့ လာအိုဘက်က ဘယ်နေ့မှာ ပြန်ပို့ချင်ပါတယ်ဆိုတာ ဆက်သွယ်လာတာ မရှိသေးဘူး။ သူတို့ဘက်က ပြန်ဝင်မယ်ဆိုရင် ဒီဘက်က လက်ခံဖို့ အဆင်သင့်ပါပဲ။ ထိုင်းဘက်က နေရပ်ပြန်တွေ လက်ခံတဲ့ရက်နဲ့ ညှိပြီးလက်ခံပေးလို့ရပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာနိုင်ငံဘက်မှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၂၀၀)ကျော်၏ စာရင်းများကို မေလ(၂၂)ရက်နေ့အထိ နောက်ဆုံးထားစာရင်း ကောက်ယူပြီး တင်ပြထားသော်လည်း ဇွန်လ(၁၀)ရက်နေ့အထိ စောင့်ဆိုင်းနေရဆဲဖြစ်သည်။

နေရပ်ပြန်လိုသူများ၏ အမည်စာရင်းများကို လာအိုနိုင်ငံဘက်မှ သက်ဆိုင်ရာဌာနများက လာအိုနိုင်ငံ မြန်မာသံရုံးသို့ ဆက်လက်တင်ပြန်ရမည်ဖြစ်သည့်အတွက် စာရင်းများကို လာအိုဘာသာအပြင် မြန်မာဘာသာဖြင့်ပါ ဆက်လက် ပြုစုနေဆဲဖြစ်၍ ကြာမြင့်နေခြင်း ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံအတွင်း တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့် အထူးစီးပွားရေးဇုန်ဖေါ်ဆောင်နေသည့်  ဘိုကီယိုပြည်နယ်ဘက်သို့ သွားရောက်ကာ  အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသားများသည် တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် နေရပ်ပြန်ရန်  တာဝန်ရှိသူများထံ စာရင်းတင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

COVID 19 ကြောင့် နယ်စပ်ဝင်ထွက်ခွင့်ပိတ်ထားသည့် လာအိုနိုင်ငံဘက်မှ နေရပ်ပြန် မြန်မာနိုင်ငံသား (၁၃၁) ဦးကို မေလ (၈)ရက်နေ့က ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပထမအသုတ်အဖြစ် လက်ခံထားခြင်းဖြစ်ပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများစာရင်းကို ထပ်မံကောက်ခံနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~