ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခုတ်မြို့ရှိ ကျဘိုရှီးကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခုတ်မြို့ရှိ ကျဘိုရှီးကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 23, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခုတ်မြို့ရှိ ကျဘိုရှီးကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ကျဘိုရှီးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး လုံခြုံရေးတပ်ဖွဲ့မှ  မူးယစ်ဝါးများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ၍ မူးယစ်တပ်ဖွဲ့သို့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့က လွှဲပြောင်း ပေးထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ညနေ(၃)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းခုတ်မြို့ တန့်ဆိုင်ကျေးရွာအုပ်စု၊ ကျဘိုရှီးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မသင်္ကာဖွယ် တွေ့ရှိသူ (၅)ဦးအား စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းစဉ် ၎င်းတို့ သယ်ဆောင်လာသည့် အိတ်များအား ပစ်ချကာ ထွက်ပြေးသွားကြခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ လုံခြုံရေးအဖွဲ့က ကျန်ရှိသည့် အိတ်များအား ဖွင့်ဖောက်စစ်ဆေးရာက   ICE (Methamphetamine) အလေးချိန် (၁၀)ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား (၉၉၉,၆၀၀)ပြားတို့အား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် အဆိုပါ မူးယစ်ဆေးဝါးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်း ပေးလိုက်ပြီးနောက် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် မူးယစ်တပ်ဖွဲ့က စုံစမ်းနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~