တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း မီးဖိုချောင်မီးမှ တဆင့် မီးလောင်မှုဖြစ်

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း မီးဖိုချောင်မီးမှ တဆင့် မီးလောင်မှုဖြစ်
ဇွန် 15, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း မီးဖိုချောင်မီးမှ တဆင့် မီးလောင်မှုဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဝမ်ကောင်း(၂)ကျေးရွာအတွင်း နေအိမ်တွင် မီးဖိုချောင်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ၂၀၂၀ခုနှစ် ဇွန်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည်။

"မီးဖိုလုပ်ထားတဲ့ တဲကနေ စလောင်တာ၊ လောင်ပြီးတစ်ခုလုံး ကုန်သွားပြီးတော့ ကပ်လျက်ရှိတဲ့ အိမ်မကြီးတစ်ခြမ်းကိုလောင်တယ်။ သစ်သားဆိုတော့ လောင်တာ"ဟု တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုကြောင့် မီးဖိုချောင်တဲတစ်လုံးမီးလောင်ပြာကျသွားပြီး နေအိမ် အိမ်မကြီးတစ်ခြမ်းလည်း မီးလောင်ကျွမ်းခဲ့သော်လည်း လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် ကျေးရွာတွင်းရှိ ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့၍ အခြားအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသည့် ကျေးရွာသည်  တာချီလိတ်မြို့နှင့် အတော်လေး အလှမ်းဝေးသည့်အတွက် တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း နှင့် အရန်တပ်ဖွဲ့ဝင်များ အပါအဝင် ရဲတပ်ဖွဲ့တို့မှ အချိန်အနည်းငယ်အကြာတွင် ရောက်ရှိကာ မီးကြွင်းမီးကျန်များအား ဆက်လက်ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

 Tachileik News Agency
ဓါတ်ပုံ - စောခေါင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~