တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းတွင် အရှိန်လွန်ကားတစ်စီးက ဓါတ်တိုင်ကို ဝင်တိုက်မိရာမှ ဓါတ်တိုင်နှစ်တိုင် ကျိုးကျလဲပြို

တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းတွင် အရှိန်လွန်ကားတစ်စီးက ဓါတ်တိုင်ကို ဝင်တိုက်မိရာမှ ဓါတ်တိုင်နှစ်တိုင် ကျိုးကျလဲပြို
ဇွန် 3, 2020
By Tachileik News Agency

တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းတွင် အရှိန်လွန်ကားတစ်စီးက ဓါတ်တိုင်ကို ဝင်တိုက်မိရာမှ ဓါတ်တိုင်နှစ်တိုင် ကျိုးကျလဲပြို

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းမှာရှိတဲ့ မြို့မီးလင်းရေးရုံး(ခွဲ)နားက ဓါတ်တိုင်ကို ကားဝင်တိုက်မိလို့ ဓါတ်တိုင် (၂)တိုင် ကျိုးကျ လဲပြိုပြီး  အချိန် တစ်နာရီဝန်းကျင် လျှပ်စစ်မီး ခေတ္တပြတ်တောက်သွားခဲ့ပါတယ်။

ဓါတ်တိုင်ကို ကားတိုက်မိတဲ့အတွက် ယာဉ်မောင်းဖြစ်သူ အမျိုးသမီးမှာ ဒဏ်ရာအနည်းငယ်သာ ရရှိတဲ့အတွက် မစိုးရိမ်ရကြောင်း နဲ့ အခုလို  ဖြစ်ပွားမှုကြောင့် အခြား ထိခိုက်ဒဏ်ရာ ရရှိသူ မရှိသော်လည်း ဓါတ်တိုက်ကို ဝင်တိုက်မိတဲ့ ကားဟာ တစ်ခြမ်း ပျက်စီးသွားပြီး လဲကျတဲ့ ဓါတ်တိုင်(၂)တိုက်အနက် တစ်တိုင်ဟာ ကျိုးကျ ပျက်စီးသွားကြောင်း သိရပါတယ်။

အခုလို ဖြစ်ပွားမှုကြောင့် မီးလင်းရေးက တာဝန်ရှိသူများက ညတွင်းချင်း ပြင်ဆင်မှုများ ဆောင်ရွက်ပြီးနောက် ည(၇)နာရီဝန်းကျင်မှာ လျှပ်စစ်မီး ပြန်လည်ရရှိခဲ့ပါတယ်။

အခု ဖြစ်ပွားတဲ့နေရာဟာ ဆိုင်ကယ်ဖြစ်စေ ကားဖြစ်စေ အရှိန်ပြင်းစွာ မောင်းပါက အန္တရာယ်ရှိတဲ့နေရာတစ်ခုဖြစ်ပြီး ယာဉ်မကြာခဏတိုက်မှုကြောင့် အပါအဝင် မိုးသက်လေပြင်းများကြောင့် လျှပ်စစ်မီးတိုင်များ ကျိုးကျခြင်း လဲကျခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။

  Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~