က်ိဳင္းတံုၿမိဳ႕နယ္ က်ိဳင္းလိတ္ရြာမွ အသက္ (၁၈)ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး

က်ိဳင္းတံုၿမိဳ႕နယ္ က်ိဳင္းလိတ္ရြာမွ အသက္ (၁၈)ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး
ဧပြီ 30, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္၊ ေနာင္ကုန္ေက်းရြာအုပ္စု၊ က်ိဳင္းလိတ္ရြာမွ အသက္ (၁၈)ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၉)ရက္ေန႔က ေနအိမ္ၿခံဝန္းတြင္ ႀကိဳးဆြဲခ်ေသဆံုးသြားေၾကာင္း သိရသည္။

က်ိဳင္းလိတ္ရြာတြင္ မိခင္၊အဖိုး၊အဖြားတုိ႔ႏွင့္အတူေနထုိင္သည့္ မသက္ငံုဖူးကို ေသဆံုးသည့္ေန႔ နံနက္ (၁၁)နာရီခြဲဝန္းက်င္က ေနအိမ္တြင္မေတြ႔ရသျဖင့္ မိခင္ျဖစ္သူက ေနအိမ္ၿခံဝင္းအတြင္း လုိက္လံရွာေဖြရာ ေနအိမ္ႏွင့္ ေပ (၅၀)အကြာရိွ ၾကက္ျခံအျဖစ္အသံုးျပဳသည့္အေဆာက္အဦတြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည့္ သမီးျဖစ္သူကို ေတြ႔ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

မိခင္ျဖစ္သူက မသက္ငံုဖူးအား ေပြ႕ခ်ီလုိက္စဥ္ ပါးစပ္မွအသံျမည္လာသျဖင့္ အဖိုးျဖစ္သူ၏အကူအညီျဖင့္ ႀကိဳးျဖဳတ္ခ်ၿပီး အသက္ရႈသြင္းေစရန္ ေရွးဦးသူနာျပဳစုျခင္းကို လုပ္ေဆာင္ကာ က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရာ ရဲတပ္ဖြဲ႕က ေန႔လယ္ (၁၂)နာရီ (၄၅)မိနစ္အခ်ိန္တြင္ သတင္းရရိွသျဖင့္ ေဆးရံုသို႔ လာေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးရသည့္အေၾကာင္းရင္းကိုသိရိွရန္ အေလာင္းအား စစ္ေဆးေနၿပီး က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၁၅/၂၀၁၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့နယ် ကျိုင်းလိတ်ရွာမှ အသက် (၁၈)နှစ်အရွယ် မိန်းကလေးတစ်ဦး ကြိုးဆွဲချသေဆုံး
********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ ကျိုင်းလိတ်ရွာမှ အသက် (၁၈)နှစ်အရွယ် မိန်းကလေးတစ်ဦး ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့က နေအိမ်ခြံဝန်းတွင် ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။

ကျိုင်းလိတ်ရွာတွင် မိခင်၊အဖိုး၊အဖွားတို့နှင့်အတူနေထိုင်သည့် မသက်ငုံဖူးကို သေဆုံးသည့်နေ့ နံနက် (၁၁)နာရီခွဲဝန်းကျင်က နေအိမ်တွင်မတွေ့ရသဖြင့် မိခင်ဖြစ်သူက နေအိမ်ခြံဝင်းအတွင်း လိုက်လံရှာဖွေရာ နေအိမ်နှင့် ပေ (၅၀)အကွာရှိ ကြက်ခြံအဖြစ်အသုံးပြုသည့်အဆောက်အဦတွင် ကြိုးဆွဲချသေဆုံးနေသည့် သမီးဖြစ်သူကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မိခင်ဖြစ်သူက မသက်ငုံဖူးအား ပွေ့ချီလိုက်စဉ် ပါးစပ်မှအသံမြည်လာသဖြင့် အဖိုးဖြစ်သူ၏အကူအညီဖြင့် ကြိုးဖြုတ်ချပြီး အသက်ရှုသွင်းစေရန် ရှေးဦးသူနာပြုစုခြင်းကို လုပ်ဆောင်ကာ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရဲတပ်ဖွဲ့က နေ့လယ် (၁၂)နာရီ (၄၅)မိနစ်အချိန်တွင် သတင်းရရှိသဖြင့် ဆေးရုံသို့ လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးရသည့်အကြောင်းရင်းကိုသိရှိရန် အလောင်းအား စစ်ဆေးနေပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၁၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net