ပြည်ပခရီးသွားလာခြင်း မရှိသည့် ရှမ်းပြည်တောင်ပိုင်းက အမျိုးသားတစ်ဦးတွင် covid-19 ပိုးတွေ့

ပြည်ပခရီးသွားလာခြင်း မရှိသည့် ရှမ်းပြည်တောင်ပိုင်းက အမျိုးသားတစ်ဦးတွင် covid-19 ပိုးတွေ့
ဇွန် 9, 2020
By Tachileik News Agency

ပြည်ပခရီးသွားလာခြင်း မရှိသည့် ရှမ်းပြည်တောင်ပိုင်းက အမျိုးသားတစ်ဦးတွင်  covid-19 ပိုးတွေ့

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန အပါအဝင် ဓါတ်ခွဲဌာန(၄)ခုမှ ဓါတ်ခွဲနမူနာပေါင်း ( ၁,၀၇၀)ခုကို  စစ်ဆေးရာ ပြည်ပခရီးသွား ရာဇဝင်မရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းက အမျိုးသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံကပြန်လာသည့် အမျိုးသားတစ်ဦးတို့တွင် covid-19 ပိုးတွေ့ရကြောင်း အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၀ခုနှစ် ဇွန်လ(၉)ရက်နေ့၏ ပထမသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ ဓါတ်ခွဲနမူနာ (၅၃၇)ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓါတ်ခွဲနမူနာ(၂၀၆)ခု၊ ပြည့်ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓါတ်ခွဲနမူနာ (၁၈၈)ခု နှင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီးမှ ဓါတ်ခွဲနမူနာ(၁၃၉)ခု စုစုပေါင်း (၁၀၇၀)ခုတို့ကို စစ်ဆေးရာက (၂)ဦးတွင် covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

ပြည်ပခရီးသွားလာခြင်း မရှိသည့် အတည်ပြုလူနာ (case 245) အသက်(၃၀)နှစ်ရှိ အမျိုးသားသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ်က ဖြစ်ပြီး ( Case 246 ) အသက်(၃၇)နှစ်ရှိ အမျိုးသားသည်အိန္ဒိယနိုင်ငံက ပြန်လာသူ ဖြစ်ပြီး ၎င်းတို့သည် အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၈)နာရီအထိ covid-19 ပိုးကူးစက်ခံရသူ (၂၄၆)ဦး ရှိပြီး သက်သာပျောက်ကင်းသူမှာ (၁၅၆)ဦးရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~