တပ်မတော်သားတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ ကူးစက်ခံရသူ တပ်မတော်သား (၅)ဦးအထိရှိလာ

တပ်မတော်သားတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ ကူးစက်ခံရသူ တပ်မတော်သား (၅)ဦးအထိရှိလာ
ဇွန် 9, 2020
By Tachileik News Agency
တပ်မတော်သားတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ ကူးစက်ခံရသူ တပ်မတော်သား (၅)ဦးအထိရှိလာ

အိန္ဒိယနိုင်ငံမှ သင်တန်းပြန်လာသည့် တပ်မတော်သားအဖွဲ့အား တတိယအကြိမ် ဓာတ်ခွဲစစ်ဆေးမှုတွင် COVID 19 အတည်ပြုလူနာ (၁)ဦးထပ်တိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့အထိ အဆိုပါ သင်တန်းသားအဖွဲ့မှ အတည်ပြုလူနာ (၅)ဦးရှိသွားပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး မေ (၂၄) ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့်  ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သား (၁၈) ဦးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာကန့်သတ်ပြီး ဓာတ်ခွဲစစ်ဆေးရာ ပထမအကြိမ်တွင် ပိုးတွေ့ရသူမရှိဘဲ ဒုတိယအကြိမ်တွင် (၄) ဦး၌ Covid-19 ပိုးတွေ့ရခြင်းဖြစ်သည်။

အဆိုပါ တပ်မတော်သားများအဖွဲ့ကို ဇွန်လ (၈) ရက်နေ့၌ မင်္ဂလာဒုံမြို့နယ်ရှိ၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ဓာတ်ခွဲနမူနာထပ်မံစစ်ဆေးရာမှ အတည်ပြုလူနာ (၁)ဦး ထပ်မံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~