ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Covid-19 ပြည်တွင်းကူးစက်ခံရသူ နောက်ထပ်(၁၃)ဦး ထပ်တွေ့၍ ပြည်တွင်းကူးစက်ခံရသူ စုစုပေါင်း (၇၂)ဦးအထိ ရှိလာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Covid-19 ပြည်တွင်းကူးစက်ခံရသူ နောက်ထပ်(၁၃)ဦး ထပ်တွေ့၍ ပြည်တွင်းကူးစက်ခံရသူ စုစုပေါင်း (၇၂)ဦးအထိ ရှိလာ
သြဂုတ် 24, 2020
By Tachileik News Agency
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  Covid-19  ပြည်တွင်းကူးစက်ခံရသူ နောက်ထပ်(၁၃)ဦး ထပ်တွေ့၍ ပြည်တွင်းကူးစက်ခံရသူ စုစုပေါင်း (၇၂)ဦးအထိ ရှိလာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Covid-19  ပြည်တွင်းကူးစက်ခံရသူများနှင့် ဆက်စပ်ဖွယ်ရှိသူများကို Quarantine ထားရှိပြီး ဓါတ်ခွဲစစ်ဆေးနေရာမှ စစ်တွေမြို့မှ နောက်ထပ်(၁၃)ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်က သတင်းထုတ်ပြန်ထားရှိသည်။
Covid-19 ပိုးတွေ့ရှိရသည့် (၁၃)ဦးတွင် အသက်ငယ်ဆုံးအနေဖြင့် (၁၁)နှစ်အရွယ်အထိ ပါဝင်ပြီး အသက်အကြီးဆုံးမှာ (၉၂)နှစ်အရွယ်ထိ ရှိပြီး အမျိုးသား(၉)ဦး နှင့် အမျိုးသမီး (၄)ဦးဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ(၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်အထိ Covid-19  ပြည်တွင်းကူးစက်ခံရသူများ စုစုပေါင်း (၇၂)ဦးအထိ ရှိသွားပြီး စစ်တွေမြို့ တွင် (၆၇)ဦးနှင့် မြောက်ဦးမြို့တွင် (၃)ဦးနှင့် သံတွဲမြို့တွင် (၂)ဦး ဖြစ်သည်။
 
မြန်မာနိုင်ငံအတွက် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ သြဂုတ်လ (၂၄)ရက်နေ့ နံနက်(၈)နာရီအထိ အတည်ပြုလူနာစုစုပေါင်းမှာ (၄၆၃)ဦးရှိနေပြီး (၆)ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~