တာချီလိတ်ခရိုင် အတွင်း COVID-19 ကာလ ခွင့်မယူဘဲ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ငွေကျပ် (၅၀,၀၀၀) ပေးအပ်ရန် စီစဉ်

တာချီလိတ်ခရိုင် အတွင်း COVID-19 ကာလ ခွင့်မယူဘဲ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ငွေကျပ် (၅၀,၀၀၀) ပေးအပ်ရန် စီစဉ်
ဇွန် 20, 2020
By Tachileik News Agency
တာချီလိတ်ခရိုင် အတွင်း COVID-19 ကာလ ခွင့်မယူဘဲ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို  ထောက်ပံ့ငွေကျပ် (၅၀,၀၀၀) ပေးအပ်ရန် စီစဉ်

COVID-19 ကာလအတွင်း ခွင့်မယူဘဲ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်ဦးလျှင် ငွေကျပ် (၅၀,၀၀၀) ထောက်ပံ့မည်ဖြစ်ရာ တာချီလိတ်မြို့နယ်အတွင်းမှ ထောက်ပံ့ငွေ ခံစားခွင့်ရ ကျန်းမာရေးဝန်ထမ်းများအား ပေးအပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အတွင်းအပြင် မိုင်းဖြတ်တို့၊ မိုင်းယောင်းတို့က သူ့စာရင်းနဲ့သူပေါ့။ စာရင်းတွေက စိစစ်ရဦးမယ်။ လိုရင် ထပ်တောင်းလို့ရတယ်။ ထောက်ပံ့ငွေကို နိုင်ငံတော်လှူချင်တယ်ဆို ချက်ခြင်းပြန်လှူလို့ရတယ်။ လှူဒါန်းမှုစာရွက်ရော တခါတည်းပါတယ်

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့က ပြောသည်။

COVID-19 ကာလအတွင်း ကျန်းမာရေးဝန်ထမ်းများကို တစ်ဦး ကျပ် (၅၀,၀၀၀) ထောက်ပံ့ရာတွင် နေ့စားဝန်ထမ်းများနှင့် ယင်းကာလအတွင်း ခွင့်ခံစားသူ(လုပ်သက်ခွင့်၊ ဆေးခွင့်၊ လစာမဲ့ခွင့်၊ မီးဖွားခွင့်) ကျန်းမာရေးဝန်ထမ်းများ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

ထောက်ပံ့ငွေခံစားခွင့်ရသည့် ဝန်ထမ်းများအနေဖြင့် အလှူငွေအဖြစ် ပြန်လည်ထည့်ဝင်လိုပါက လှူဒါန်းနိုင်ရန် လှူဒါန်းမှုစာရွက်ကိုပါ ထောက်ပံ့ငွေနှင့်အတူ တစ်ပါတည်းထည့်ပေးထားကြောင်း သိရသည်။

 Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~