ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယောင်းနှင့် မိုင်းလားမှ ဓါတ်ခွဲနမူနာ (၄၄)ခုတွင် ပိုးမတွေ့

ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယောင်းနှင့် မိုင်းလားမှ ဓါတ်ခွဲနမူနာ (၄၄)ခုတွင် ပိုးမတွေ့
မေ 30, 2020
By 🌸
ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယောင်းနှင့် မိုင်းလားမှ ဓါတ်ခွဲနမူနာ (၄၄)ခုတွင် ပိုးမတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယောင်းနှင့် မိုင်းလားမှ ဓာတ်ခွဲနမူနာ ပေးပို့ထားသူ (၄၄)ဦးလုံးတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ မေလ (၃၀)ရက်နေ့၌ ဓါတ်ခွဲအဖြေရရှိထားသည်။

“ ကျိုင်းတုံ PUI (၃)ယောက်၊ မိုင်းခတ် HQ (၉)ယောက်၊ FQ (၅)ယောက်၊ မိုင်းဆတ် FQ (၄)ယောက်၊ မိုင်းယောင်း HCP (Health Care Provider) (၈)ယောက်၊ ကျိုင်းတုံ FQ (၅)ယောက်၊ ကျိုင်းတုံ HCP (၁)ယောက်၊ မိုင်းလား HCP (၆)ယောက်၊ Volunteer (၁)ယောက်နဲ့ ကျိုင်းတုံ Volunteer (၂)ယောက် အားလုံး NEGATIVE ပါ”

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာ (၃)ဦး၊ Facility Quarantine မှ (၅)ဦး၊ Health Care Provider (၁)ဦးနှင့် Facility Quarantine တွင် ကူညီနေသည့် စေတနာ့ဝန်ထမ်း (Volunteer) (၂)ဦး၊ မိုင်းလားမှ Health Care Provider (၆)ဦးနှင့် စေတနာ့ဝန်ထမ်း (၁)ဦး၊ မိုင်းယောင်းမှ Health Care Provider (၈)ဦး၊ မိုင်းဆတ်မှ Facility Quarantine (၄) ဦး၊ မိုင်းခတ်မှ Facility Quarantine (၅) ဦးနှင့် Home Quarantine (၉)ဦးတို့၏ ဓာတ်ခွဲနမူနာများကို မေလ (၂၉)ရက်နေ့က ရန်ကုန် ဓာတ်ခွဲခန်းသို့ ပို့စစ်ထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်တွင်  Facility Quarantine ထားရှိသည့် ထိုင်းနိုင်ငံမှနေရပ်ပြန် (၇၆) ဦးနှင့် Home Quarantine (၂)ဦးတို့၏ ဓါတ်ခွဲနမူနာများကို မေလ (၃၀)ရက်နေ့၌ ရန်ကုန်သို့ ပို့စစ်ထားပြီး ဇွန်လ (၁)ရက်နေ့တွင် ဓါတ်ခွဲအဖြေရလာဖွယ်ရှိကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~