မိုင်းယောင်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခွဲနီးပါး ဖမ်းဆီးရမိ

မိုင်းယောင်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခွဲနီးပါး ဖမ်းဆီးရမိ
မေ 7, 2020
By Tachileik News Agency

မိုင်းယောင်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခွဲနီးပါး ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း မိုင်းယောင်း - မိုင်းဖြတ် လမ်းပေါ်တွင် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိရာမှ ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၄၉,၀၀၀)ပြား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့က မိုင်းယောင်းမြို့နယ်အတွင်း မိုင်းယောင်း - မိုင်းဖြတ်သွား ကားလမ်းပေါ်တွင် ၂၀၂၀ခုနှစ် မေလ(၅)ရက်နေ့ ည(၁၁)နာရီခွဲ ဝန်းကျင်အချိန်က စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးအား ရပ်တန့် စစ်ဆေးရှာဖွေရာက ၎င်းသယ်ယူလာသည့် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၄၅,၀၀၀)ပြားကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရဲတပ်ဖွဲ့က ကွင်းဆက်ဖော်ထုတ်စစ်ဆေးချက်အရ   မိုင်းယောင်းမြို့၊ ရပ်ကွက်(၁)နေ အိုက်ပေး ၏ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်တွင် အိုက်ပေး ဆိုသူအား မတွေ့ရှိရသော်လည်း  နေအိမ်ရှေ့လမ်းမပေါ်တွင် ရပ်ထားသည့် မော်တော်ယာဉ်အတွင်း သိုဝှက်သိမ်းဆည်းထားသော  စိတ်ကြွရူးသွပ်ဆေးပြား (၁၀၄,၀၀၀)ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍  ဖမ်းဆီးရမိသူ အသက်(၁၉)နှစ်အရွယ်ရှိ မနာဘို နှင့် ဖမ်းမမိသေးသည့် အိုက်ပေး ဆိုသူတို့အား မိုင်းယောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဆောင်ရွက်ထားကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~