ထိုင်းနိုင်ငံတွင် COVID 19 ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားမှု ဇွန်လကုန်အထိ ထပ်တိုးမည်

ထိုင်းနိုင်ငံတွင် COVID 19 ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားမှု ဇွန်လကုန်အထိ ထပ်တိုးမည်
မေ 26, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင် COVID 19 ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားမှု ဇွန်လကုန်အထိ ထပ်တိုးမည်

ထိုင်းနိုင်ငံတွင် COVID 19 ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားမှုကို ၂၀၂၀ ခုနှစ်၊ ဇွန်လကုန်အထိ တိုးမြှင့်ရန် ၂၀၂၀ ခုနှစ်၊ မေလ (၂၆) ရက်နေ့က ကျင်းပသည့် ကတ်ဘိနက်အစည်းအဝေး၌ ဆုံးဖြတ်လိုက်ကြောင်းသိရသည်။

နိုင်ငံတွင်း COVID 19 ထိန်းချုပ်ရေးကို ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရန်အတွက် ကန့်သတ်မှုများစွာ ထုတ်ပြန်နေခြင်းထက် အရေးပေါ်အခြေအနေကြေညာထားခြင်းက ထိန်းချုပ်ရပို၍ လွယ်ကူသည့်အတွက် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော်လုံခြုံရေးကောင်စီအနေဖြင့် ပြည်သူအများအပြား၏ အသက်အန္တရာယ်ဘေးကင်းရေးအတွက် အဆိုပါ ပြဌာန်းချက်ကို ထပ်တိုးလိုခြင်းသာဖြစ်သည်ဟု ဆိုသည်။

အရေးပေါ်အခြေအနေကြေညာမှုကို တိုးမြှင့်လိုက်သော်လည်း အရေးပေါ်ကာလအတွင်း ညမထွက်ရအချိန် လျှော့ပေးခြင်း အပါအဝင် ဖြေလျော့ပေးမည့် စီးပွားရေးလုပ်ငန်းများနှင့် ဖြေလျော့ပေးမည့်အစီအစဉ်အချို့နှင့်ပတ်သက်၍  မေလ (၂၉ )ရက်နေ့၌ ဆွေးနွေးကြမည်ဖြစ်ပြီး မေလ (၃၀)ရက်နေ့၌ ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

  Tachileik News Agency
Source: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~