ကုလအထွေထွေညီလာခံဥက္ကဌနှင့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တွေ့ဆုံဆွေးနွေး

ကုလအထွေထွေညီလာခံဥက္ကဌနှင့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တွေ့ဆုံဆွေးနွေး

 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကုလအထွေထွေညီလာခံဥက္ကဌ  ဗော်လ်ကန်ဘော့ဇ်ကီရ်က  ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ တောင်းဆိုမှုကို လက်ခံပြီး တွေ့ဆုံဆွေးနွေးကြောင်း ၂၀၂၁ ခုနှစ် မတ်လ (၂၀)ရက်နေ့၌ သတင်းထုတ်ပြန်သည်။



ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ကုလသမဂ္ဂအထူး အစည်းအဝေး၌ အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ကာ ပြည်သူဘက်မှ ရပ်တည်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် မြန်မာစစ်ကောင်စီက သံအမတ်ကြီးအား ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သော်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်အသိအမှတ်ပြုထားခြင်းဖြစ်သည့်အပြင် မတ်လ (၃) ရက်နေ့မှစပြီး နိုင်ငံခြားရေးရာနှင့်သံတမန်ရေးရာ ကိစ္စရပ်များ စီမံခန့်ခွဲနိုင်ရန်အတွက်ပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တာဝန်ပေးထားခြင်းဖြစ်သည်။