လားရှိုးတွင် အမျိုးသားတစ်ဦး၏ ဦးခေါင်းကို ဓါးဖြင့်ခုတ်၍ ဖုန်းလုယူသွားသူအား တစ်ရက်အကြာတွင် ဖမ်းမိ

လားရှိုးတွင် အမျိုးသားတစ်ဦး၏ ဦးခေါင်းကို ဓါးဖြင့်ခုတ်၍ ဖုန်းလုယူသွားသူအား တစ်ရက်အကြာတွင် ဖမ်းမိ
မေ 18, 2020
By Tachileik News Agency

လားရှိုးတွင် အမျိုးသားတစ်ဦး၏ ဦးခေါင်းကို ဓါးဖြင့်ခုတ်၍ ဖုန်းလုယူသွားသူအား တစ်ရက်အကြာတွင် ဖမ်းမိ

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) လားရှိုးမြို့တွင် ၂၀၂၀ ခုနှစ် မေလ (၁၇)ရက်နေ့က ညနေပိုင်းက ဓါးဖြင့်ခုတ်ကာ  ဖုန်းလုသွားသည့် အမျိုးသား (၁)ဦးကို မေလ (၁၈)ရက်နေ့၌ ရဲတပ်ဖွဲ့က ဖမ်းမိလိုက်ပြီး ဓါးဖြင့်ခုတ်ခံရသည့် အမျိုးသားမှာ ဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။

လားရှိုးမြို့ ဟူးမွန်ဆည်နှင့် ကောက်ကွေ့ဆည်အကြားရှိ  ရေချောင်းတစ်ခုအနီးတွင် မေလ (၁၇) ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထိုင်နေစဉ် အမျိုးသားတစ်ဦးရောက်လာပြီး ထိုင်နေသည့်အမျိုးသား၏ ဦးခေါင်းကို ဓါးဖြင့်ခုတ်ကာ လက်ကိုင်ဖုန်း (၂)လုံးကို လုယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓါးဖြင့်ခုတ်ခံရသည့်အမျိုးသားမှာ လားရှိုးပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက  စုံစမ်းရာ လွန်ခဲ့သည့်နှစ်က အဆိုပါ နေရာအနီး၌ ဓါးခုတ်မှုကျူးလွန်ခဲ့ဖူးသည့် အသက် (၄၂)နှစ်အရွယ်  အောင်ညွှန့်(ခ) အိုက်စိုင်း(ခ) အိုက်လန်အား ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် စစ်ဆေးရှာဖွေရာ လုယူသွားသည့် လက်ကိုင်ဖုန်းများအပြင် ကျူးလွန်မှုတွင် အသုံးပြုသည့် ဓါးကိုပါတွေ့ရသဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

သက်သေပစ္စည်းများနှင့်အတူ တွေ့ရသည့် အောင်ညွှန့်(ခ) အိုက်စိုင်း(ခ) အိုက်လန်အား လားရှိုးမြို့ နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~