မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် သစ် (၁၅)တန်ကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် သစ် (၁၅)တန်ကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency
မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် သစ် (၁၅)တန်ကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့ရှိ ကျေးရွာများအတွင်း ပူးပေါင်းအဖွဲ့ဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် သစ်ယား စကားစိမ်းအမျိုးအစား သစ်ခွဲသား (၁၅)တန်ကျော်ကို  ပိုင်ရှင်မဲ့အဖြစ် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

တပ်နယ်မှ တာဝန်ရှိသူများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ အပါအဝင် မိုင်းပါလျှိုးရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့သည် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပူကာ နှင့် နမ့်ဆန်ရွာအကြားတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် သစ်ယား စကားစိမ်းအမျိုးအစား သစ်ခွဲသား စုစုပေါင်း (၃၄၈)ချောင်းရှိပြီး  အလေးချိန် (၁၅.၉၉၀၂)တန်ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

''ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိတဲ့ သစ်တွေကို တာလေ သစ်တောရုံးမှာ ပြောင်းရွှေ့ထားပါတယ်၊ ပိုင်ရှင်ကို ဖမ်းဆီးရမိရေးအတွက်လည်း စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်ခင်ဗျ"ဟု ဖမ်းဆီးရေးတွင် ပါဝင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် အဆိုပါ သစ်များအား တာလေဘိနယ် သစ်တောရုံးတွင် ထားရှိပြီး ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေလျှက်ရှိကြောင်း နှင့် ဆက်လက်၍လည်း တရားမဝင်သစ်ကိစ္စများ လျော့ပါးရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ပုံအညွန်း - ပိုင်ရှင်မဲ့ သစ်များအား တာလေသစ်တောရုံးသို့ ပြောင်းရွှေ့ထားရှိရန်အတွက် သယ်ယူနေစဉ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~