နေရပ်ပြန်ရန်အတွက် မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ တဆင့် မြန်မာနိုင်ငံသား (၄၇)ဦးကို တာချီလိတ်တွင် လက်ခံပေးထား

နေရပ်ပြန်ရန်အတွက် မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ တဆင့် မြန်မာနိုင်ငံသား (၄၇)ဦးကို တာချီလိတ်တွင် လက်ခံပေးထား
မေ 29, 2020
By Tachileik News Agency
နေရပ်ပြန်ရန်အတွက် မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှ တဆင့်  မြန်မာနိုင်ငံသား (၄၇)ဦးကို တာချီလိတ်တွင် လက်ခံပေးထား

Covid-19 ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း ထိုင်းနိုင်ငံအတွင်းမှ မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်မှတဆင့်  တာချီလိတ်သို့ ပြန်လာလိုသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၄၇)ဦးကို တာချီလိတ်ဘက် ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် လက်ခံပေးသည်။

နေရပ်ပြန်ရန်အတွက် မယ်ဆိုင်မြို့တွင် စာရင်းပေးထားသည်မှာ (၅၅)ဦးတိတိ ရှိသော်လည်း တကယ်တမ်း ပြန်မည့်နေ့တွင်  အမျိုးသား (၂၁)ဦး၊ အမျိုးသမီး(၂၆)ဦး စုစုပေါင်း (၄၇)ဦးသာ လာရောက်ကြောင်း  သိရသည်။

"ကျန်တဲ့ (၈)ယောက်ထဲမှာ တစ်ချို့ကို ဆက်သွယ်လို့ မရတာရယ်၊ တစ်ချို့က ဒီနေ့ကျမှ မပြန်တော့ဘူးဆိုပြီး ဖုန်းဆက်လာတာတွေရယ်ရှိတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ဘက်က ပြန်ရောက်လာသည့် မြန်မာနိုင်ငံသား (၄၇)ဦးကို တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမြင့်နိုင် နှင့် ကော်မတီဝင်များ၊ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးချမ်းမြေ့စော နှင့် ကော်မတီဝင်များ အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်လက်ခံပေးခဲ့ကြပြီး ကျန်းမာရေးကလည်း စစ်ဆေးမှုများပြုလုပ်ကာ ၎င်းတို့အား တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာ quarantine center သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်မှ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးသို့ အွန်လိုင်းမှစာရင်းပေးသွင်းရန် အခက်အခဲရှိသူများအတွက် မယ်ဆိုင်မြို့၌  မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေး၊ ဦးသန်းထွန်းအောင်(TBC) နှင့် ဦးထွန်း(မယ်ဆိုင်)တို့က
စာရင်း လက်ခံပေးခြင်းဖြစ်သည်။

ဆက်လက်၍ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများမှ နေရပ်ပြန်ရန် စာရင်းမပေးရသေးသူများ ကျန်ရှိပါက  ဦးထွန်း(မယ်ဆိုင်) ထိုင်းဖုန်း 089-637-6367 နှင့် ဦးသန်းထွန်းအောင်(TBC) ဖုန်း 090-053-2430 သို့ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၅)နာရီအတွင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~