တပ်မတော်က လှူဒါန်းပေးသည့် Covid-19 ကာကွယ်ရေးသုံး ပစ္စည်းများကို KNPP က အများပြည်သူထံ ပြန်လည် ဖြန့်ဝေပေးသွားမည်

တပ်မတော်က လှူဒါန်းပေးသည့် Covid-19 ကာကွယ်ရေးသုံး ပစ္စည်းများကို KNPP က အများပြည်သူထံ ပြန်လည် ဖြန့်ဝေပေးသွားမည်
မေ 22, 2020
By Tachileik News Agency
တပ်မတော်က လှူဒါန်းပေးသည့် Covid-19 ကာကွယ်ရေးသုံး ပစ္စည်းများကို KNPP က အများပြည်သူထံ ပြန်လည် ဖြန့်ဝေပေးသွားမည်

တပ်မတော်(ကြည်း၊ရေ၊လေ) မှ KNPP အား လှူဒါန်းပေးသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများအား အများပြည်သူထံ  ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်က လှူဒါန်းလိုက်တဲ့ပစ္စည်းတွေဟာ ကျွန်တော်တို့အတွက်အများကြီးအထောက်ကူပြုမယ်လို့ ယူဆပါတယ်။ ဒီမှာရောက်လာတယ်ဆိုတာကလည်း ကျွန်တော်တို့သုံးဖို့ မဟုတ်ပါဘူး ။ကျွန်တော်တို့ လမ်းကြောင်းမှာရှိတဲ့ မိဘပြည်သူတွေ ကျေးရွာသူကျေးရွာသားတွေကို ကျွန်တော်တို့ဆက်ပြီးတော့ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်

ဟု  KNPP မှ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်ကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် (ကြည်း၊ရေ၊လေ)မှ ပေးပို့ခဲ့သည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရေးဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်မှူး  ဗိုလ်မှူးကြီးထွန်းနိုင်ဦး နှင့် အမြှောက်တပ်( ၃၅၆) တပ်ရင်းမှူး ဗိုလ်မှူးကြီး တင်ထွန်းအောင်တို့ဦးဆောင်သည့်အဖွဲ့က  KNPP မှ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်ဦးဆောင်သည့် အဖွဲ့ဝင် (၅)ဦးတို့ထံ လွိုင်ကော်မြို့ ဒေသကွပ်ရေးစစ်ဌာနချုပ်ရိပ်သာတွင် မေလ (၂၂)ရက်နေ့၌ ပေးအပ်သည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Surgical Mask (၁၀,၀၀၀) ခု၊ N-95 Mask (၅၀၀)ခု ၊Face Shield (၂၅၀)ခု ၊ Bleaching Powders 50kg (၅) ၊PPE (၁၀၀)စုံ၊ Examination Glove (၁,၀၀၀) ဖာ ၊ Hand Gel (၁၅၀) ဗူး ၊ Hand Sanitizer (၁၅၀)ဗူး နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ မေတ္တာလက်ဆောင်အဖြစ် ပေးအပ်လိုက်သော ပစ္စည်းများအား KNPP သို့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဒါတွေကတာ့ ကျွန်တော်တို့ တပ်မတော်ရဲ့ covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ပတ်သက်ပြီး  ဆောင်ရွက်မှု အများကြီးထဲကနေပြီးတော့ တစ်ခုဖြစ်ပါတယ် ။ဒီလှူဒါန်းတဲ့ပစ္စည်းတွေ KNPP အဖွဲ့ကို ထောက်ပံ့ပေးလိုက်ခြင်းအားဖြင့် KNPP အဖွဲ့အနေနဲ့ ပြည်သူလူထုကို ဒီရောဂါကူးစက်ပြန့်ပွားမှုကနေ ကာကွယ်ရေးတွေမှာ ထိထိရောက်ရောက်သုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်

 လို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီးထွန်းနိုင်ဦးက လှူဒါန်းပစ္စည်းပေးသည့် အခမ်းနားတွင် ပြောသည်။

မြန်မာနိုင်ငံတွင် ကယားပြည်နယ်မှာ လက်ရှိအချိန်ထိ covid-19 ရောဂါကင်းစင်သည့် တစ်ခုတည်းသော ပြည်နယ်အဖြစ်ရှိနေဆဲဖြစ်သည်။

ကယားပြည်နယ်တွင်း  COVID 19 ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ၌ KNPP ကလည်း ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

 Tachileik News Agency
သတင်း/ဓါတ်ပုံ  - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~