ဟိုပုံးမြို့အထွက် Covid-19 စစ်ဆေးရေးဂိတ်ကို ဇူလိုင်(၁)ရက်တွင် ဖွင့်လှစ်ရန် ပြင်ဆင်နေ

ဟိုပုံးမြို့အထွက် Covid-19 စစ်ဆေးရေးဂိတ်ကို ဇူလိုင်(၁)ရက်တွင် ဖွင့်လှစ်ရန် ပြင်ဆင်နေ
ဇွန် 29, 2021 | Covid-19| ရှမ်းတောင်

တောင်ကြီးမြို့ဘက်သွားမည်သူများကို ဟိုပုန်းမြို့အဝင်တွင် Covid-19 စစ်ဆေးရေးထားရှိရန် ယနေ့ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် ပြင်ဆင်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်း  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၏ တိုးဂိတ်အနီးတွင် COVID 19 စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ ဇူလိုင်လ (၁) ရက်နေ့မှစ၍ တောင်ကြီးမြို့ဘက် သွားမည့်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းခြင်းဖြင့် စစ်ဆေးမည်ဖြစ်ပြီး COVID 19 သံသယရှိသူများကို Covid-19 RDT test kit ဖြင့် စစ်ဆေးပေးမည်ဖြစ်ကာ စစ်ဆေးခံရသူက စစ်ဆေးခ ကျပ်တစ်သောင်းပေးရမည်ဟု သိရသည်။

အဆိုပါဂိတ်က တောင်ကြီးမြို့ကို ဝင်မည့်သူများကိုသာ စစ်ဆေးမည်ဖြစ်ပြီး တောင်ကြီးဘက်မှ ဟိုပုံးဘက်လာသူများအနေဖြင့် စစ်ဆေးမှုခံယူရန် မလိုအပ်ကြောင်းသိရသည်။

နိုင်ငံအတွင်း COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အစိုးရနှင့်ပြည်သူပူးပေါင်း၍ လုပ်ဆောင်နေကြဆဲကာလအတွင်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ချိန်မှစ၍ နေ့မှစ၍ ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။



#TachileikNewsAgency