ထိုင်းနိုင်ငံအတွင်း တစ်နေ့တည်း ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာ (၅၃)ဦးတွင် တရားမဝင် မြန်မာလုပ်သား (၃၄)ဦး ပါဝင်

ထိုင်းနိုင်ငံအတွင်း တစ်နေ့တည်း ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာ (၅၃)ဦးတွင် တရားမဝင် မြန်မာလုပ်သား (၃၄)ဦး ပါဝင်
ဧပြီ 25, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း တစ်နေ့တည်း ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာ (၅၃)ဦးတွင် တရားမဝင် မြန်မာလုပ်သား (၃၄)ဦး ပါဝင်

ထိုင်းနိုင်ငံအတွင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့ တစ်နေ့တည်း COVID 19 အတည်ပြုလူနာ (၅၃)ဦး ထပ်တိုးလာရာတွင် တရားမဝင်  ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသား (၃၄)ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း  တရားမဝင် ဝင်ရောက်မှုဖြင့် ဆုန်ခလခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများဖြစ်သည်။

ထပ်တိုးသည့် အတည်ပြုလူနာ (၅၃)ဦးတွင် ထိုင်းနိုင်ငံသား (၁၁)ဦးနှင့် တရားမဝင်ရွှေ့ပြောင်းလုပ်သားများဖြစ်သည့် မြန်မာနိုင်ငံသား (၃၄) ဦး၊ ဗီယက်နမ်နိုင်ငံသား (၃) ဦး၊ မလေးရှားနိုင်ငံသား (၂) ဦး၊ ယီမင်နိုင်ငံသား (၁) ဦး၊  အိန္ဒိယနိုင်ငံသား(၁) ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား (၁) ဦးတို့ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ခရိုင်ပေါင်း (၆၈)ခုတွင် အတည်ပြုလူနာပေါင်း (၂၉၀၇)ရှိပြီဖြစ်ပြီး (၂၅၄၇)ဦးမှာ ဆေးရုံဆင်းနိုင်ပြီဖြစ်ကြောင်း နှင့် သေဆုံးသူမှာ စုစုပေါင်း (၅၁)ဦးရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် အာဆီယံ(၁၀)နိုင်ငံထဲတွင် ကူးစက်မှုအများဆုံးအဖြစ် (၅)နိုင်ငံမြောက်တွင် ရှိနေသည်။

Tachileik News Agency
Source: Bangkok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~