COVID-19 ကာလအတွင်း တာချီလိတ်မြို့မှ ပြည်သူများ Home Garden ပြုလုပ်နိုင်ရန် ဟင်းသီးဟင်းရွက် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးက ရပ်ကွက်အလိုက် လိုက်လံ ဝေမျှ

COVID-19 ကာလအတွင်း တာချီလိတ်မြို့မှ ပြည်သူများ Home Garden ပြုလုပ်နိုင်ရန် ဟင်းသီးဟင်းရွက် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးက ရပ်ကွက်အလိုက် လိုက်လံ ဝေမျှ
မေ 6, 2020
By Tachileik News Agency
COVID-19 ကာလအတွင်း တာချီလိတ်မြို့မှ  ပြည်သူများ Home Garden ပြုလုပ်နိုင်ရန် ဟင်းသီးဟင်းရွက် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးက ရပ်ကွက်အလိုက် လိုက်လံ ဝေမျှ 

Covid-19 ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း Stay Home နေသည့် ပြည်သူများအနေဖြင့် နေအိမ်အတွင်း  Home Gardening စနစ်ဖြင့် အလွယ်တကူစိုက်ပျိုးနိုင်ရန် နှင့် သန့်ရှင်းလတ်ဆတ်သော သီးနှံများစားသုံးနိုင်ရန် ရည်ရွယ်၍ မျိုးစေ့များ၊ ပျိုးပင်များနှင့်မြေဆွေးများကို တာချီလိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ရပ်ကွက်အလိုက် လိုက်လံဝေမျှပေးခြင်း အစီအစဉ်အား ၂၀၂၀ခုနှစ် မေလ(၆)ရက် နံနက်က စ၍ ဆောင်ရွက်နေပြီး နောက်ပိုင်းများတွင် အမှန်တကယ်လိုအပ်သည့် ရပ်ကွက်များသို့ သွားရောက်ကာ Campaign ပြုလုပ်၍ ဝေမျှပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အပတ်စဉ် ကမ်းပိန်းလုပ်သွားမှာ ဒီတစ်ပတ်ဆိုရင် ရန်အောင်မြေရပ်ကွက်ကို သွားလိုက်တာ။ လိုအပ်မယ်ထင်တဲ့ ရပ်ကွက်တွေကို ဆင်းနေတာပါ၊ အခုလို အပတ်စဉ်လုပ်သွားဖို့ရှိတယ် ဒီတစ်လလုံးလောက် ဖြစ်မှာပေါ့၊ အဲ့ဒီအခါကျရင် တကယ် လိုအပ်မယ်ထင်တဲ့ ရပ်ကွက်ကို ရွေးပြီး ပေးမှာပါ၊

ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် နှင့် မြို့နယ်ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့ မေလ(၆)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း လိုက်လံဝေမျှပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ(၁၄)ရက်နေ့ကစ၍ တာချီလိတ်မြို့ပေါ်ရပ်ကွက်များအနေဖြင့် covid-19 ကာလအတွင်း‌ နေအိမ်အတွင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလိုပါက မျိုးစေ့များ ဆက်သွယ် ရယူနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အသိပေးထားရှိသည့်အတွက် ဆက်သွယ် လာရောက် ရယူသူ များပြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့တဲ့အခေါက် သတင်းထဲ ထည့်ပြီးနောက်မှာ မြို့ပေါ်က တော်တော်များများကတော့ ဆက်သွယ်ပြီးတော့ မျိုးစေ့တွေ ယူကြတာပေါ့နော်၊ ဒီနေ့ကတော့ ပျိုးပင်ပါ ပေးတာ၊ ပျိုးပင်တွေ ပေးတယ်ဆိုတော့ မြို့ပေါ်က မြေနေရာ အဆင်ပြေတဲ့လူတွေကို ပျိုးပင်တွေ တစ်ခါတည်းပေးတယ်၊ စိုက်ပျိုးနည်းစနစ်တွေလည်း ပြောပြတယ်၊ မြေဆွေးနွေပါ ပေးခဲ့တယ်

ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်ကပြောသည်။

ယခုလို ဆောင်ရွက်ခြင်းသည် တာချီလိတ်မြို့နယ်တစ်ခုတည်းမဟုတ်ဘဲ ရှမ်းပြည်နယ်တစ်ခုလုံးရှိ မြို့နယ်များတွင် မေလ(၆)ရက်နေ့က စ၍ Campaign ပြုလုပ်ကာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency
ဓါတ်ပုံ - စိုက်ပျိုးရေး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~