တာချီလိတ်တွင် ညမထွက်ရ အမိန့်ချိုးဖောက်သည့် ထိုင်းနိုင်ငံသား တစ်ဦးကို ထောင်ဒဏ်(၃)လ အမိန့်ချ

တာချီလိတ်တွင် ညမထွက်ရ အမိန့်ချိုးဖောက်သည့် ထိုင်းနိုင်ငံသား တစ်ဦးကို ထောင်ဒဏ်(၃)လ အမိန့်ချ
ဧပြီ 29, 2020
By Tachileik News Agency
တာချီလိတ်တွင် ညမထွက်ရ အမိန့်ချိုးဖောက်သည့် ထိုင်းနိုင်ငံသား တစ်ဦးကို ထောင်ဒဏ်(၃)လ အမိန့်ချ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ချိုးဖေါက်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့၌ ထောင်ဒဏ် (၃)လအမိန့်ချမှတ်လိုက်သဖြင့် ညမထွက်ရအမိန့်ချိုးဖေါက်၍ ထောင်ဒဏ်ကျခံရသူ (၉)ဦးရှိသွားပြီဖြစ်သည်။

မနေ့ညက ည (၁၂)နာရီခွဲလောက်က လေဆိပ်လမ်းဆုံမှာ ကားနဲ့ထွက်လာတာမှာ ဖမ်းမိတာ။ ထောင်ဒဏ် (၃)လ ချမှတ်တယ်။ လဝကကလည်း လဝကအက်ဥပဒေနဲ့ ဆက်အရေးယူသွားမယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၌ ညမထွက်ရအမိန့်ချိုးဖေါက်၍ ဧပြီလ (၂၂)ရက်နေ့ ညပိုင်းက အမျိုးသား (၄)ဦးနှင့် ဧပြီလ (၂၃)ရက်နေ့ ညပိုင်းက အမျိုးသား (၄)ဦးတို့ကို ဖမ်းဆီးရမိသဖြင့် ပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် (၃)လစီ ချမှတ်ထားခြင်းဖြစ်သည်။

မနေ့က ညမထွက်ရအမိန့် ချိုးဖေါက်တဲ့ နိုင်ငံခြားသားတစ်ယောက် ဖမ်းမိတယ်။ ဒီနေ့ တရားရုံးက ထောင်ဒဏ် (၃)လ အမိန့်ချမှတ်လိုက်ပါတယ်

ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလေနှင့် ကျိုင်းလပ်အပါအဝင် တာချီလိတ်မြို့နယ်အတွင်း ည (၁၀) နာရီမှ နံနက် (၄)နာရီအတွင်း အပြင်မထွက်ရန် ဧပြီလ (၂၀)ရက်နေ့မှ ဇွန်လ (၂၂)ရက်နေ့အထိ အမိန့်ထုတ်ပြန်ထားပြီး ရပ်ကွက်အလိုက် စစ်ဆေးရေး အဖွဲ့များ၊ လှည့်လည်ကြီးကြပ်သည့် အဖွဲ့များဖြင့် လိုက်လံ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကာလအတွင်း COVID 19 ကာကွယ်ရေးအတွက် တာဝန်ပေးထားသူများ၊ လူနာနှင့် ကုန်တင်ယာဉ်များမှလွဲ၍ ည (၁၀)နာရီမှ နံနက် (၄)နာရီအတွင်း အပြင်ထွက် သွားလာခွင့်မရှိကြောင်းနှင့် ချိုးဖေါက်သူများကို ပုဒ်မ ၁၈၈ ဖြင့် ခြွင်းချက်မရှိ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~