တာချီလိတ်မြို့တွင် နေရပ်ပြန် (၂၀၀)ကျော်ကို ရက်ပေါင်း(၂၁)ရက်အကြာ စောင့်ကြည့်ထားသည့် ကာလအတွင်း လိုအပ်သည့် ပစ္စည်းများကို စေတနာရှင်များ လာရောက်လှူဒါန်းနိုင်

တာချီလိတ်မြို့တွင် နေရပ်ပြန် (၂၀၀)ကျော်ကို ရက်ပေါင်း(၂၁)ရက်အကြာ စောင့်ကြည့်ထားသည့် ကာလအတွင်း လိုအပ်သည့် ပစ္စည်းများကို စေတနာရှင်များ လာရောက်လှူဒါန်းနိုင်
ဧပြီ 17, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် နေရပ်ပြန် (၂၀၀)ကျော်ကို ရက်ပေါင်း(၂၁)ရက်အကြာ စောင့်ကြည့်ထားသည့် ကာလအတွင်း လိုအပ်သည့် ပစ္စည်းများကို စေတနာရှင်များ လာရောက်လှူဒါန်းနိုင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၂၀၄) ဦးအား (၂၁) ရက် Facilities Quarantine ထားရှိသည့်နေရာ၌ အစားသောက်နှင့်  လိုအပ်သည့်ပစ္စည်းများ လှူဒါန်းနိုင်ကြကြောင်း သိရသည်။

ကျန်းမာရေးစစ်ဆေးမှုတွေမှာလည်း ကျွန်တော်တို့ Volunteer တွေက ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ လိုက်ပေးရတော့ လက်အိတ်လိုတယ်၊ လက်သန့်ဆေးရည်လိုတယ်။ တစ်နေ့တစ်နေ့ကို လူက (၂၀၀)ကျော်ကျော်ဆိုတော့ ရေသန့်ကလည်း ကဒ် (၁၀၀)လောက်ကတော့ ကုန်ပါတယ်။ အဲဒီတော့ ရေသန့်လည်းလိုပါတယ်။ အရက်ပျံရရင်လည်း လိုပါတယ်။ နေ့စဉ်ထိတွေ့သုံးစွဲနေရတဲ့ ပစ္စည်းတွေမှာ ပွတ်တိုက်သုတ်ပေးနေရတော့ အဲဒါလည်း ရရင်အဆင်ပြေပါတယ်။ နေ့စဉ် ထမင်းတို့ လိုအပ်တဲ့ပစ္စည်းတို့ လိုတဲ့ဟာတွေကို အလှူရှင်တွေကလည်း နေ့စဉ်နဲ့အမျှ လှူနေတာတွေလည်း ရှိပါတယ်။ ခရိုင်စီမံခန့်ခွဲမှုကော်မတီကလည်း ပံ့ပိုးပေးတာရှိပေမဲ့ နေ့စဉ်နဲ့အမျှမှာ မလောက်မင ဖြစ်တာတွေလည်း ရှိပါတယ်

ဟု Facilities Quarantine ကို ကြီးကြပ်ကွပ်ကဲနေသည့် တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Facilities Quarantines ဝင်နေသူများတွင် အမျိုးသား (၁၁၅)ဦး၊ ကိုယ်ဝန်ဆောင် (၄)ဦး အပါအဝင် အမျိုးသမီး (၈၁)ဦးနှင့် ကလေး (၈)ဦး ရှိနေခြင်းဖြစ်သည်။

အဆိုပါ နေရပ်ပြန်များကို တာချီလိတ်မြို့ ဟိုတယ်တာချီလိတ်အနောက်ဘက်ရှိ မိုးကုတ်တရားရိပ်သာတွင် ၂၀၂၀ခုနှစ် ဧပြီလ (၆) ရက်နေ့မှ ဧပြီလ (၂၈)ရက်နေ့အထိ အသွားအလာကန့်သတ်ပြီး ကျန်းမာရေးက နံနက်တစ်ကြိမ် နှင့် ညတစ်ကြိမ် လာရောက် စစ်ဆေးမှုများ စောင့်ရွက်ပေးထားသည်။

နေရပ်ပြန်များအား ကျွေးမွေးခြင်းနှင့် လိုအပ်သည့် ပစ္စည်းများအား တာချီလိတ်မှာ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံစေတနာရှင်များက လှူဒါန်းပေးထားခြင်း ဖြစ်ပြီး စေတနာရှင်များအနေဖြင့် အဆိုပါ စခန်းတွင် နေ့စဉ် အသုံးပြုနေပြီး လိုအပ်နေလျက်ရှိသည့် လက်ဆေးဆပ်ပြာရည်၊ mask ၊ လက်အိတ်၊ ပိုးသတ်ဆေးရည် အပြင် ရေကတ်များနှင့် အခြား အစားအသောက်များကို လှူဒါန်းလိုပါက Facilities Quarantine စခန်းဖွင့်လှစ်ထားသည့် နေရာသို့ မည်သူမဆို လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

အသွားအလာ ကန့်သတ်ထားသူများအား နေ့စဉ် ကျန်းမာရေး စစ်ဆေးခြင်း၊ နေထိုင်စားသောက်ရေး၊ လုံခြုံရေးတို့အတွက် တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများအပြင် တာချီလိတ်မြို့မှ စေတနာ့ဝန်ထမ်း(Volunteer)များက ကူညီဆောင်ရွက်ပေးနေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~