တာချီလိတ်အနီး မယ်ဆိုင်ဘက်တွင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေး သယ်ဆောင်လာသူများနှင့် ထိုင်း ပစ်ခတ်မှုဖြစ်ပြီး စိတ်ကြွဆေး (၂၂)သိန်းကျော် သိမ်းဆည်းရမိ

တာချီလိတ်အနီး မယ်ဆိုင်ဘက်တွင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေး သယ်ဆောင်လာသူများနှင့် ထိုင်း ပစ်ခတ်မှုဖြစ်ပြီး စိတ်ကြွဆေး (၂၂)သိန်းကျော် သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency

တာချီလိတ်အနီး မယ်ဆိုင်ဘက်တွင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးသယ်ဆောင်လာသူများနှင့် ထိုင်း ပစ်ခတ်မှုဖြစ်ပြီး  စိတ်ကြွဆေး (၂၂)သိန်းကျော် သိမ်းဆည်းရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းကို ကျော်လွန်ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများနှင့် ပစ်ခတ်မှုဖြစ်ပွားကာ အိုက်စ်မူးယစ်ဆေး အပါအဝင် စိတ်ကြွဆေးပြား (၂၂)သိန်းကျော်ကို သိမ်းဆည်းရမိကြောင်း ထိုင်းဘက်က သတင်းထုတ်ပြန်သည်။

ဖြစ်ပွားသည့်နေရာမှာ တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု နှင့် ရန်အောင်မြေရပ်ကွက်တစ်လျှောက် မျက်နှာချင်းဆိုင်ရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကော့ချန်းတွင် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ည(၉)နာရီဝန်းကျင်က နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် လူဦးရေ(၂၀)ဝန်းကျင်ပါဝင်သည့် အဖွဲ့ နှင့် ထိုင်းနယ်ခြားစောင့်တပ်အဖွဲ့တို့ (၁၅)မိနစ်အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားရာအနီး တွေ့ရသည့် အိတ်များကို စစ်ဆေးရာ စိတ်ကြွဆေးပြားပေါင်း (၂,၂၅၂,၀၀၀) ပြားနှင့် အိုက်စ်(Methamphetamine) (၁၄) ကီလိုဂရမ်တို့ကို စစ်ဆေးတွေ့ရသဖြင့် သိမ်းဆည်းထားကြောင်း သိရသည်။

ညပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင်  ထိုင်းနယ်ခြားစောင့်တပ်အဖွဲ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ပြီးနောက် နယ်စပ်ကင်းလှည့်ခြင်းအား တိုးမြှင့်ဆောင်ရွက်ထားသည်ဟု သိရသည်။

Tachileik News Agency
Photo: Chiangraireport 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~