စည်ပင်ပိုင်ဖြစ်သည့် တာချီလိတ်ရှိ ရွှေဝါနဒီပန်းခြံအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေ၍ ပန်းခြံနှင့်မတူဘဲ အမှိုက်ပုံနှင့်တူနေကြောင်း ဝေဖန်

စည်ပင်ပိုင်ဖြစ်သည့် တာချီလိတ်ရှိ ရွှေဝါနဒီပန်းခြံအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေ၍ ပန်းခြံနှင့်မတူဘဲ အမှိုက်ပုံနှင့်တူနေကြောင်း ဝေဖန်
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency
စည်ပင်ပိုင်ဖြစ်သည့် တာချီလိတ်ရှိ ရွှေဝါနဒီပန်းခြံအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေ၍ ပန်းခြံနှင့်မတူဘဲ အမှိုက်ပုံနှင့်တူနေကြောင်း ဝေဖန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနပိုင်ဖြစ်သည့် ရွှေဝါနဒီပန်းခြံအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေပြီး အချို့အမှိုက်ပုံးများမှာလည်း အမှိုက်များပြည့်နေသည်ကို တွေ့ရကြောင်း ပန်းခြံအတွင်း သွားရောက်သူများက ပြောသည်။

"အမှိုက်တွေ အရမ်းများပြီး ပန်းခြံနဲ့မတူဘဲ အမှိုက်ခြံနဲ့တူနေပါတယ်၊ အမှိုက်တွေကြောင့် ပန်းခြံက ရုပ်ဆိုးနေလို့ သက်ဆိုင်ရာများကို သိစေချင်လို့ပါ။ ပန်းခြံကို လာလည်တဲ့ မိဘပြည်သူတွေ ကလေးတွေ ရောဂါကင်းအောင်လို့ပါ"ဟု ရွှေဝါနဒီပန်းခြံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးက  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေဝါနဒီပန်းခြံသည် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနပိုင်ဖြစ်ပြီး စည်ပင်သာယာရေးဌာရုံးနှင့်လည်း အနီးတွင် တည်ရှိနေပြီး ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ညနေပိုင်းအထိ အဆိုပါ ပန်းခြံအတွင်း၌ အမှိုက်ပုံများမှာ ပြည့်နေသည့်အပြင်  မြက်ခင်းပေါ်များအထိ ဆေးလိပ်ဗူးခွံများ၊ ပလပ်စတစ်အမှိုက်များ၊ အချိုရည်ဗူးခွံများ နှင့် ငါးကင်စက္ကူများ စသည့် အမှိုက်များ ပျံ့နှံ့နေသည်ကို တွေ့ရသည်။

"ပန်းခြံကိုတော့ အရင်က သိပ်မသွားဖြစ်ပါဘူး အခုနောက်ပိုင်းတော့ အားတဲ့အခါဆို အိမ်က ကလေးနဲ့ ခေါ်သွားဖြစ်တယ်၊ ညနေပိုင်းတွေပေါ့၊ ပန်းခြံက လာရောက်သူ များလာလို့ထင်တယ် အမှိုက်တွေလည်း များလာသလို အမှိုက်ပုံးလည်း ပြည့်နေတာပဲ တွေ့တယ်၊ အမှိုက်ပုံးပြည့်တော့ အမှိုက်က ဘေးရောက်ကုန်တာပေါ့ဗျာ၊ ပန်းခြံက စည်ပင်ရုံးနဲ့လည်း နီးနီးလေးဆိုတော့ သန့်သန့်ရှင်းရှင်းလေး ဖြစ်ရင် ကောင်းမယ်၊ အခုက အမှိုက်ပုံလိုဖြစ်နေတယ်၊ အမြင်မတော်လို့ ကျွန်တော်တို့ ဝိုင်းကောက်လည်း ရတယ်၊ အမြဲတော့ မဟုတ်ဘူးပေါ့၊ အဓိက က ဌာနကလည်း စောင့်ကည့်ဖို့ လိုတယ်ဆိုတာလည်း ပြောချင်တာပါဗျ"ဟု တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်နေ ကိုဝင်းနိုင်က ပြောသည်၊။

ရွှေဝါနဒီပန်းခြံသည်  တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား ထိပ်တွင် တည်ရှိသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~