နယ်စပ် ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁) မြန်မာဘက်ခြမ်း တံတားအောက်တွက် အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ထား

နယ်စပ် ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁) မြန်မာဘက်ခြမ်း တံတားအောက်တွက် အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ထား
ဖေဖော်ဝါရီ 13, 2020
By Tachileik News Agency
နယ်စပ် ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁) မြန်မာဘက်ခြမ်း တံတားအောက်တွင် အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ထား

နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ထွက်ပေါက်ဖြစ်သည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား၏ မြန်မာဘက်ခြမ်း လူမြင်ကွင်းဖြစ်သည့် တံတားတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ထားမှုများကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့ ညနေပိုင်းက တွေ့ရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတားသည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၏ အဓိက နယ်စပ်ဝင်ထွက်ပေါက်တစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများအပါအဝင်  နေ့စဉ် လူဦးရေ သောင်းနှင့်ချီ၍ ဝင်ထွက်သွားလာ အသုံးပြုနေသည့် တံတားတစ်စင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~