တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာရိပ်သာတွင် Quarantine ထားရှိသူ (၃) ဦးထွက်ပြေးသွား၍ သံဆူးကြိုးများဖြင့် ထပ်တိုးကာရံထား

တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာရိပ်သာတွင် Quarantine ထားရှိသူ (၃) ဦးထွက်ပြေးသွား၍ သံဆူးကြိုးများဖြင့် ထပ်တိုးကာရံထား
အောက်တိုဘာ 21, 2020
By Tachileik News Agency

တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာရိပ်သာတွင် Quarantine ထားရှိသူ (၃) ဦးထွက်ပြေးသွား၍ သံဆူးကြိုးများဖြင့် ထပ်တိုးကာရံထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာရိပ်သာတွင် ထိုင်းနိုင်ငံဘက်မှ သတ်မှတ်ပြစ်ဒဏ်စေ့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလာသူ (၁၁၁) ဦးကို Quarantine ထားရှိရာတွင် (၃) ဦးမှာ ထွက်ပြေးသွား၍ သံဆူးကြိုးများ ထပ်တိုး ကာရံထားပြီး ၎င်းတို့အား ပြန်လည်တွေ့ရှိပါက ထောင်ဒဏ် (၃) နှစ်အထိချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"သူတို့ကို အချုပ်သားတွေလိုထားလို့ မရဘူး။ အဖွဲ့စုံနဲ့ စောင်ကြည့်တာတွေ လုပ်နေရတာ။ အခု မိုးကုတ်ရိပ်သာမှာ သံစူးကြိုးကာတာတွေလုပ်ပြီးပြီ။ သူတို့ အိပ်ဆောင်တွေကိုလည်း သံတံခါးတပ်တာတွေ သံဆူးကြိုးကာတာတွေ လုပ်ပြီးပြီ။ ပြန့်တွေ့ရင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်မယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၂၁)ရက်နေ့တွင် ပြောသည်။
မိုးကုတ်ဝိပဿနာရိပ်သာရှိ facilitate Quarantine centre တွင် Quarantine ထားရှိသည့် စိုင်းဘွန်း၊ ထွန်းလူနှင့် စိုင်းနွံ့တို့ (၃) ဦးမှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့ ညနေပိုင်းတွင် ဖုန်းပြောဆိုရန် အကြောင်းပြပြီး  ခြံစည်းရိုးကို ကျော်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာရိပ်သာ၏ facilitate Quarantine centreတွင် ထိုင်းနိုင်ငံတွင်အကြောင်းအမျိုးမျိုးကြောင့် ဖမ်းစီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလာသူများနှင့် နေရပ်ပြန်မြန်မာနိုင်ငံသားများထဲမှ တာချီလိတ်မြို့နယ်တွင်း နေထိုင်သူများကို Quarantine ထားရှိပြီး နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တို့ရယူကာ COVID-19 Negative အဖြေထွက်ရှိမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးနေရာတွင် ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ပြီးပြန်လည်လွှဲပြောင်းလာသူများထဲမှ Quarantine Center မှထွက်ပြေးမှုများ အကြိမ်ကြိမ်ဖြစ်ပွားနေသည်။
ယခင်ကလည်း ယခုလို ထွက်ပြေးသူများလည်းရှိရာ ၎င်းတို့သည် နေရပ်ကို မပြန်လို၍ ပြန်လည်ထွက်ပြေးကြခြင်း ဖြစ်ကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသည့်အခါတွင်လည်း ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တို့ မယ်ဆိုင်ချောင်းမှ တရားမဝင် သွားရောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency

သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~