နိုင်ငံသားအထောက်အထားမဲ့ ဘင်္ဂါလီ (၂၀)ဦးကို မကွေးတိုင်းအတွင်း တွေ့ရှိ ဖမ်းမိ

နိုင်ငံသားအထောက်အထားမဲ့ ဘင်္ဂါလီ (၂၀)ဦးကို မကွေးတိုင်းအတွင်း တွေ့ရှိ ဖမ်းမိ
ဖေဖော်ဝါရီ 14, 2020
By Tachileik News Agency
နိုင်ငံသားအထောက်အထားမဲ့ ဘင်္ဂါလီ (၂၀)ဦးကို မကွေးတိုင်းအတွင်း တွေ့ရှိ ဖမ်းမိ

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံသား အထောက်အထားမရှိသည့် ဘင်္ဂါလီ (၂၀) ဦးကို၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် တွေ့ရသဖြင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေးနေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့်နယ်စပ် ရခိုင်ပြည်နယ်အတွင်းမှတစ်ဆင့် နိုင်ငံသားအထောက်အထားမရှိသည့် ဘင်္ဂါလီများသည် မြန်မာနိုင်ငံတွင်း ဝင်ရောက်လာလေ့ရှိရာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးအရေးယူခံရခြင်းဖြစ်သည်။

မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာသို့သွားသည့် မြေနီလမ်းဘေး တောအုပ်အတွင်းမှ  ဘင်္ဂါလီ အမျိုးသား(၉)ဦးနှင့် အမျိုးသမီး (၈)ဦး၊ မင်းတုန်းမြို့နယ် ထုံးဖိုတောင်ကျောအတွင်းမှ ဘင်္ဂါလီ အမျိုးသား (၂)ဦးနှင့် မန်အောင်ကျေးရွာအုပ်စု၊ မရိုးကန်ကျေးရွာအနီးတောအုပ်အတွင်းမှ ဘင်္ဂါလီအမျိုးသား (၁)ဦးတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂၀)ဦးအား စစ်ဆေးတွေ့ရှိချက်အရ သက်ဆိုင်ရာနယ်မြေ ရဲစခန်းများတွင် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲစခန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~