မြန်မာ-လာအိုနယ်စပ်ဖြစ်တဲ့ ကျိုင်းလပ်မြို့တွင်း ရေပေးဝေရေး

မြန်မာ-လာအိုနယ်စပ်ဖြစ်တဲ့ ကျိုင်းလပ်မြို့တွင်း ရေပေးဝေရေး
ဇန်နဝါရီ 21, 2020
By Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

မြန်မာ-လာအိုနယ်စပ်ဖြစ်တဲ့ ကျိုင်းလပ်မြို့တွင်း ရေပေးဝေရေး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်ထဲက မြန်မာ-လာအိုနယ်စပ်ဖြစ်တဲ့ ကျိုင်းလပ်မြို့တွင်း ရေပေးဝေရေးအတွက် ကျိုင်းလပ်မြို့စည်ပင်သာယာရေးဌာနက ဦးဆောင်ပြီး ကော်မတီဖွဲ့စည်းဆောင်ရွက်ထားကြောင်း ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က ပြောပါတယ်။

ကျိုင်းလပ်မြို့ရဲ့ ကျေးရွာအုပ်စု (၃) ခုမှာ ရေပေးဝေရေးအဆင်ပြေခဲ့ပေမယ့် မြို့ပေါ် (၃) ရပ်ကွက်မှာတော့ ၂၀၁၅ ရေ ကြီးမှုကြောင့် ရေပေးဝေရေး ပျက်စီးသွားလို့ အဆင်မပြေမှုတွေကြုံတွေ့ခဲ့ရတယ်လို့ ဦးကျော်လင်းအောင်က ပြောပါတယ်။

ကျိုင်းလပ်မြို့ရှိ ဌာနဆိုင်ရာရုံးအဆောက်အဦးတွေက ကုန်းမြင့်ပိုင်းတွေမှာရှိတဲ့အတွက် ရေအခက်အခဲ ဖြစ်ပေါ်လာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းလုံစံခတ်နဲ့ ကျိုင်းလပ်မြို့က ဌာနဆိုင်ရာတွေဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ရေပေးဝေရေးကိစ္စ စီစဉ်ခဲ့ကြပြီး အောက်တိုဘာလအတွင်းမှာ ပြီးစီးခဲ့တာဖြစ်ပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~